ငွေကျပ် ၂၀၀၀ လျှော့ဈေးဖြင့် ရောင်းချ

June 6, 2020

မန္တလေးမြို့တွင် အခြေခံစားကုန်များကို ငွေကျပ် ၂၀၀၀ လျှော့ဈေးဖြင့် ရောင်းချ (ဓာတ်ပုံ)

မန္တလေးတိုင်းဒေသကြီးကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နဲ့ ညီနောင်အသင်းများစုပေါင်း၍ မန္တလေးမြို့မှာ အခြေခံစားသောက်ကုန်တွေကို ငွေကျပ် ၂၀၀၀ နဲ့  ဇွန် ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ရောင်းချခဲ့ပါတယ်။ အဆိုပါ စားသောက်ကုန်တွေဟာ တန်ဖိုးအနေနဲ့ ငွေကျပ် ၇၀၀၀ ကျော် တန်ဖိုးကျသင့်ပါတယ်။ စားသောက်ကုန်တွေကတော့ ဆန် ၁ ပြည်၊ ပဲဆီသန့် ၁၅ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ၊ ကုလားပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၆ လုံး၊ ငရုတ်သီးမှုန့် ၁ထုပ်၊ လက်ဖက် ၃ ထုပ်၊ ပဲကြော် ၃ ထုပ်၊ သားသား ဆန်ပြုတ် ၁ ထုပ်၊ Hand gel Sanitizer (လက်ဆေးဆပ်ပြာ)။ ၁ ဘူးနဲ့ Reusable Mask (ပြန်လည် အသုံးပြုနိုင်သော နှာခေါင်းစည်း) ၃ ခုတို့ ပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေကို မန္တလေးမြို့ ၇ မြို့နယ်မှာ လူဦးရေ ၇၀၀၀ အတွက် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။   Photo-Kaung Zaw Hein/ MPA
1 year Ago
Up