နာမည်ကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ ငှက်မွေးဂါဝန် ဝတ်ဆင်ပြီး သြဂုတ် ၃၁ ရက်နေ့က ဗင်းနစ် ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။
အဲဒီလို တက်ရောက်ရာမှာ ဂါဂါနဲ့အတူ ဒါရိုက်တာ ဘရက်ဒလေကူးပါးလည်း တက်ရောက်ခဲ့ပါတယ်။
ဂါဂါနဲ့ ကူးပါးတို့ဟာ သူတို့ကို မိုးရေထဲမှာ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီး ဆဲလ်ဖီဓာတ်ပုံ အတူတူ ရိုက်ခဲ့ပါတယ်။
ဒါ့အပြင် ပွဲတော် တက်ရောက်သူ မင်းသမီး ကိတ်ဘလန့်ချက်ဟာလည်း အနက်ရောင်ဂါဝန်မှာ ငှက်မွေးတွေ ဆင်မြန်းထားတဲ့ ဝတ်စုံနဲ့ ပွဲတက်ခဲ့ပါတယ်။
နောက်ပြီး ကူးပါးရဲ့ ပါတနာ ရှရားမော်ဒယ် အိုင်ယင်နာ ရှေယက်ဟာလည်း ရွှေရောင်ဝတ်ဆင်ပြီး အီတလီ ဒီဇိုင်နာ ဒွန်နာတယ်လာဗက်ဆာဂျီနဲ့တူ ဓာတ်ပုံတွဲ အရိုက်ခံခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန် ဒါရိုက်တာ စပိုက်လီဟာ ဇနီးဖြစ်သူ ပရိုဂျူဆာ တွန်ညာလူးဝစ်လီနဲ့အတူ ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။
5 years Ago