ငှက်ပျောသီးစားပြပြီး ရာဂနှိုးဆွသည့်ရုပ်သံ ရိုက်ကူးသည့် အဆိုတော် ထောင် ၂ နှစ် ချမှတ်ခံရ

December 13, 2017

ငှက်ပျောသီးစားပြပြီး ရာဂနှိုးဆွသည့်ရုပ်သံ ရိုက်ကူးသည့် အဆိုတော် ထောင် ၂ နှစ် ချမှတ်ခံရ (ရုပ်သံ)

အီဂျစ်နိုင်ငံမှာ ငှက်ပျောသီးစားပြပြီး ရာဂနှိုးဆွတဲ့ရုပ်သံ ရိုက်ကူးခဲ့တဲ့ အဆိုတော် မိန်းကလေးတဦးကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ ရှီမာလို့ ပရိသတ်တွေက သိကြတဲ့ အသက် ၂၅ နှစ်အရွယ် အဆိုတော် ရှီမာ အာမက်ဒ်ဟာ ရုပ်သံထဲမှာ ကာမရာဂနှိုးဆွတဲ့ ပြကွက်တွေ ပါဝင်နေတဲ့အတွက် ပြီးခဲ့တဲ့လက ဖမ်းဆီးခံခဲ့ရတာပါ။ ရှေးရိုးစွဲနိုင်ငံတခုဖြစ်တဲ့ အီဂျစ်နိုင်ငံမှာ ကာမရာဂ နှိုးဆွမှုနဲ့ဆိုင်တဲ့ ပြကွင်းပြကွက်တွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ရုပ်သံရိုက်ကူးခဲ့သူ ဒါရိုက်တာကိုလည်း ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီးနောက်မှာ မသင့်တော်တဲ့ ပြကွက်တွေ ပါဝင်နေတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့တဲ့အတွက် ရှီမာက ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ “ခုလိုဖြစ်လာလိမ့်မယ်လို့ ကျမ မတွေးမိခဲ့ပါဘူး။ အားလုံးက ပြင်းပြင်းထန်ထန် ထိုးနှက်လာကြလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့မိပါဘူး” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးခဲ့တာပြီး မကြာမီမှာပဲ အဲဒီရေးသားချက်တွေကို ပြန်ဖျက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အီဂျစ်နိုင်ငံမှာ ခုလိုပဲ အများနဲ့ မသင့်တော်တဲ့ ပြကွက်တွေကြောင့် ကချေသည် အမျိုးသမီး ၃ ဦးကို ထောင်ဒဏ် ၆ လစီ ကျခံစေဖို့ ချမှတ်ခဲ့ပါသေးတယ်။
3 years Ago
Up