ငှက်ကောင်ရေ

A d v e r t i s e m e n t With Us

July 14, 2019

သြစတြေးလျတောင်ပိုင်းတွင် ငှက်ကောင်ရေ ၆၀ ခန့် ပြုတ်ကျသေဆုံး

သြစတြေးလျနိုင်ငံ အဒီလိတ်ဒေသမှာ ငှက်ကောင်ရေ ၆၀ လောက် မျက်လုံးနဲ့ နှုတ်သီးတို့မှာ သွေးတွေယိုစီးကာ မြေပြင်ကို ပြုတ်ကျသေဆုံးခဲ့တယ်လို့ Metro သတင်းမှာ ဖော်ပြပါတယ်။ ဒီငှက်တွေဟာ အဆိပ်သင့်တာဖြစ်နိုင်တယ်လို့ တိရစ္ဆာန်ဆရာဝန်တွေက သံသယ ရှိနေပါတယ်။  ဒီငှက်သေတွေကို ကတ်စပါလို့ခေါ်တဲ့ ငှက်ကယ်ဆယ်ရေးအဖွဲ့တခုက ဇူလိုင် ၁၀ ရက်နေ့မှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ “အဖွဲ့ဝင်တယောက်က ငှက်တွေ ကောင်းကင်ပေါ်က၊ သစ်ပင်ပေါ်ကနေ ပြုတ်ကျသေဆုံး နေတယ်လို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ကျမရာက်သွားတော့ တကောင်စ နှစ်ကောင်စက သေဆုံးနေပြီး အများစုကတော့ မြေပြင်ပေါ်မှာ အော်ဟစ်နေကြပါတယ်” လို့ ဒီအဖွဲ့ကို တည်ထောင်သူ ဆာရာကင်းက ပြောပါတယ်။ “သူတို့မှာ သွေးတွေထွက်ပြီးတော့ မပျံနိုင်တော့ပါဘူး။ ဒီမြင်ကွင်းက ကျမတိုက ချောက်ချားဖွယ်ရုပ်ရှင်တွေမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ” လို့ သူက ဆက်လက်ပြောဆိုပါတယ်။ စုစုပေါင်း ငှက်ကောင်ရေ ၆၀ လောက်ပြုတ်ကျလာခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ၅၈ ကောင်က သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒီငှက်တွေမိထားတဲ့ အဆိပ်က ငှက်တွေကို ချက်ချင်းမသေစေဘဲ ဝေဒနာခံစားပြီးမှ တဖြည်းဖြည်းသေစေနိုင်တဲ့ အဆိပ်အမျိုးအစားလို့ ကင်က ဆက်လက်ပြောဆိုပါတယ်။ သေဆုံးခဲ့တဲ့ ငှက်တွေဟာ ကြက်တူရွေးနဲ့ ပုံစံဆင်တူတဲ့ အဖြူရောင်ငှက်တွေဖြစ်ပြီး ဒီငှက်တွေကို သြစတြေးလျတောင်ပိုင်းမှာ လူတွေကို ဒုက္ခပေးတဲ့ သတ္တဝါတွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒီငှက်တွေကို ဥပေဒနဲ့ကာကွယ်းထားတာမျိုးမရှိဘဲ အခုနှစ်အစောပိုင်းတုန်းကလည်း ဒေသကောင်စီတခုက ဒီငှက်တွေကို ဓာတ်ငွေ့နဲ့ သုတ်သင်ရှင်းလင်းဖို့ အဆိုပြုခဲ့ဖူးပါတယ်။
2 years Ago
Up