ငြိမ်းချမ်းရေး ခြေလှမ်း

October 1, 2019

ငြိမ်းချမ်းရေး ခြေလှမ်းအဖြစ် အကျဉ်းသား  ၃၅၀ ကို ဟူသီသူပုန်အုပ်စုက ပြန်လွှတ်ပေးမည်

ယီမင်နိုင်ငံထဲက ဟူသီအုပ်စုက ငြိမ်းချမ်းရေး ခြေလှမ်း အနေနဲ့ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှု အောက်ကနေ ဆော်ဒီအာရေဗျ နိုင်ငံသား ၃ ယောက် အပါအဝင် ထောင်သား အယောက် ၃၅၀ကို စက်တင်ဘာ ၃၀ ရက်မှာ လွှတ်ပေးမယ်လို့ ပြောလိုက်ပါတယ်။  ဟူသီတွေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရတို့ကြား အကျဉ်းသား ဖလှယ်ရေးဟာ ဒီဇင်ဘာလက ဆွီဒင်နိုင်ငံမှာ ဆွေးနွေးအပြီး သဘောတူခဲ့တဲ့ အချက် ၃ ချက်ထဲက တချက်ပါဝင်ပါတယ်။ ကုလသမဂ္ဂက ကြားဝင်ဖျန်ဖြေပေးတဲ့ အကျဉ်းသား ဖလှယ်ရေး အစီအစဉ်ထဲမှာ နှစ်ဖက်စလုံးက အကျဉ်းသား အယောက်  ၇၀၀၀ စီ ပါဝင်ပြီး အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်ရဖို့ နှစ်ဖက်စလုံးက ကြိုးစားခဲ့ရပါတယ်။ တကယ်လို့ ဆော်ဒီ မဟာမိတ်ဘက်က စစ်ဆင်ရေးတွေကို ရပ်မယ်ဆိုရင် ဆော်ဒီကို ဒုံးကျည်တွေ။ ဒရုန်းယာဉ်တွေနဲ့ တိုက်တာရပ်မယ်လို့ ဟူသီတွေက စက်တင်ဘာ ၂၀ မှာ ပြောပါတယ်။ ဆော်ဒီ ညွန့်ပေါင်းတွေဘက်က အဆိုပြုချက်ကို မတုံ့ပြန်သေးပါဘူး။ ဟူသီတွေဟာ ယီမင်နိုင်ငံရဲ့ မြို့ပြ ဒေသအများစုကို ထိန်းချုပ်ထားပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို အီရန်နဲ့ မဟာမိတ် ဟူသီတွေက တိုက်ထုတ်ပြီး မြို့တော် စာနာကို သိမ်းခဲ့ပါတယ်။ ဒါကြောင့် ယီမင်သမ္မတက မဟာမိတ် ဆော်ဒီအာရေဗျနိုင်ငံဆီ ထွက်ပြေး ခိုလှုံခဲ့ပါတယ်။ ယီမင်အစိုးရကို အာဏာပြန်အပ်ရေးအတွက် ဆော်ဒီ ဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်က ဟူသီတွေကို တိုက်နေတာပါ။ အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း သမိုင်းဝင် ပြိုင်ဘက်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီတွေနဲ့ ဆော်ဒီ ဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်တို့  ယီမင်နိုင်ငံထဲမှာ စစ်ဖြစ်နေတာ လေးနှစ် ကြာပါပြီ။ စစ်ပွဲကြောင့် လူသောင်းချီ သေဆုံးပြီး လူသန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ယီမင်နိုင်ငံထဲမှာ ကမ္ဘာ့အဆိုးဆုံး လူသားချင်း စာနာမှု အကျပ်အတည်း ဆိုက်နေတယ်လို့လည်း ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ၿငိမ္းခ်မ္းေရး ေျခလွမ္းအျဖစ္ အက်ဥ္းသား  ၃၅၀ ကို ဟူသီသူပုန္အုပ္စုက ျပန္လႊတ္ေပးမည္ ယီမင္ႏိုင္ငံထဲက ဟူသီအုပ္စုက ၿငိမ္းခ်မ္းေရး ေျခလွမ္း အေနနဲ႔ ကုလသမဂၢရဲ႕ ႀကီးၾကပ္မႈ ေအာက္ကေန ေဆာ္ဒီအာေရဗ် ႏိုင္ငံသား ၃ ေယာက္ အပါအဝင္ ေထာင္သား အေယာက္ ၃၅၀ကို စက္တင္ဘာ ၃၀ရက္မွာ လႊတ္ေပးမယ္လို႔ ေျပာလိုက္ပါတယ္။ ဟူသီေတြနဲ႔ ႏိုင္ငံတကာ အသိအမွတ္ျပဳ ယီမင္အစိုးရတို႔ၾကား အက်ဥ္းသား ဖလွယ္ေရးဟာ ဒီဇင္ဘာလက ဆြီဒင္ႏိုင္ငံမွာ ေဆြးေႏြးအၿပီး သေဘာတူခဲ့တဲ့ အခ်က္ ၃ ခ်က္ထဲက တခ်က္ပါဝင္ပါတယ္။ ကုလသမဂၢက ၾကားဝင္ဖ်န္ေျဖေပးတဲ့ အက်ဥ္းသား ဖလွယ္ေရး အစီအစဥ္ ထဲမွာ ႏွစ္ဖက္စလုံးက အက်ဥ္းသား အေယာက္  ၇၀၀၀ စီ ပါဝင္ၿပီး အေကာင္အထည္ေဖာ္ေရး ေဆြးေႏြးပြဲေတြမွာ သေဘာတူညီခ်က္ရဖို႔ ႏွစ္ဖက္စလုံးက ႀကိဳးစားခဲ့ရပါတယ္။ တကယ္လို႔ ေဆာ္ဒီ မဟာမိတ္ဘက္က စစ္ဆင္ေရးေတြကို ရပ္မယ္ဆိုရင္ ေဆာ္ဒီကို ဒုံးက်ည္ေတြ။ ဒ႐ုန္းယာဥ္ေတြနဲ႔ တိုက္တာရပ္မယ္လို႔ ဟူသီေတြက စက္တင္ဘာ ၂၀ မွာ ေျပာပါတယ္။ ေဆာ္ဒီ ၫြန႔္ေပါင္းေတြဘက္က အဆိုျပဳခ်က္ကို မတုန႔္ျပန္ေသးပါဘူး။ ဟူသီေတြဟာ ယီမင္ႏိုင္ငံရဲ႕ ၿမိဳ႕ျပ ေဒသအမ်ားစုကို ထိန္းခ်ဳပ္ထားပါတယ္။ ႏိုင္ငံတကာ အသိအမွတ္ျပဳ ယီမင္အစိုးရကို အီရန္နဲ႔ မဟာမိတ္ ဟူသီေတြက တိုက္ထုတ္ၿပီး ၿမိဳ႕ေတာ္ စာနာကို သိမ္းခဲ့ပါတယ္။ ဒါေၾကာင့္ ယီမင္သမၼတက မဟာမိတ္ ေဆာ္ဒီအာေရဗ်ႏိုင္ငံဆီ ထြက္ေျပး ခိုလႈံခဲ့ပါတယ္။ ယီမင္အစိုးရကို အာဏာျပန္အပ္ေရးအတြက္ ေဆာ္ဒီ ဦးေဆာင္တဲ့ အာရပ္ၫြန႔္ေပါင္းတပ္က ဟူသီေတြကို တိုက္ေနတာပါ။ အီရန္နဲ႔ ေဆာ္ဒီအာေရဗ်တို႔ဟာ အေရွ႕အလယ္ပိုင္း ေဒသတြင္း သမိုင္းဝင္ ၿပိဳင္ဘက္ေတြလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အီရန္က ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ဟူသီေတြနဲ႔ ေဆာ္ဒီ ဦးေဆာင္တဲ့ အာရပ္ၫြန႔္ေပါင္းတပ္တို႔  ယီမင္ႏိုင္ငံထဲမွာ စစ္ျဖစ္ေနတာ ေလးႏွစ္ ၾကာပါၿပီ။ စစ္ပြဲေၾကာင့္ လူေသာင္းခ်ီ ေသဆုံးၿပီး လူသန္းခ်ီ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရပါတယ္။ ယီမင္ႏိုင္ငံထဲမွာ ကမာၻ႔အဆိုးဆုံး လူသားခ်င္း စာနာမႈ အက်ပ္အတည္း ဆိုက္ေနတယ္လို႔လည္း ကုလသမဂၢက ေျပာခဲ့ပါတယ္။
2 years Ago
Up