အီသီယိုးပီးယားဝန်ကြီးချုပ် အားဘီယာအာမတ်ဟာ ဒီဇင်ဘာ ၁၀ ရက်က နော်ဝေနိုင်ငံ အော်စလိုမြို့မှာကျင်းပတဲ့ ဆုပေးပွဲမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံ ရယူခဲ့ပါတယ်။
အသက် ၄၃နှစ်အရွယ် ဝန်ကြီးချုပ် အားဘီယာအာမတ်ဟာ အီသီယိုးပီးယားနဲ့ အီရီထရီးယား နှစ်နိုင်ငံဆက်ဆံရေး ပြန်အသက်ဝင်အောင် ပဲ့ကိုင်နိုင်ခဲ့တဲ့အတွက် အခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။
အီသီယိုးပီးယားနဲ့အီရီထရီးယားတို့ဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာပါ။
၁၉၉၈ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ အိမ်နီးချင်း နှစ်နိုင်ငံအကြား တိုက်ပွဲတွေအ တွင်း လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့တဲ့အပြင် ၂၀၀၀ ပြည့်နှစ် ငြိမ်းချမ်းရေး သဘောတူညီချက်လည်း ကျိုးပျက်ခဲ့ပါတယ်။
အားဘီယာအာမတ်ဟာ ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး သူ ဦးဆောင်တဲ့ အစိုးရဟာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးခဲ့တာ၊ ထိန်းသိမ်းရေး စင်တာတွေကို ပိတ်ပစ်ခဲ့တာအပြင် သတင်းစာဆရာတွေကို ဖမ်းဆီးထောင်ချတာတွေလည်း ရပ်လိုက်ပါတယ်။
အီသီယိုးပီးယားနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးဟာ စစ်သွေးကြွအဖွဲ့တွေနဲ့ ကမ္ဘာ့စစ် အင်အားကြီးတွေရဲ့ခြိမ်းခြောက်မှုအောက် ရောက်နေတယ်လို့ အာဖရိကရဲ့ အသက်အငယ်ဆုံး နိုင်ငံရေးခေါင်းဆောင် အားဘီယာအာမတ်က ဆုပေးပွဲအခမ်းအနားမှာ ပြောသွားတဲ့ အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago