ငြိမ်းချမ်းရေးတပ်ဖွဲ့

November 14, 2020

ရုရှားငြိမ်းချမ်းရေးတပ်ဖွဲ့ ရှူရှာမြို့ကို ရောက်ရှိ၊ အဇာဘိုင်ဂျန်တပ်ဖွဲ့နှင့် တွေ့ဆုံ

ရုရှားငြိမ်းချမ်းရေးတပ်ဖွဲ့ယာဉ်တန်းဟာ နိုဝင်ဘာလ ၁၃ ရက်က နာဂေါ်နိုခါရာဘတ်ဒေသက ရှူရှာမြို့ကို ရောက်ရှိပြီး အဇာဘိုင်ဂျန်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  ရှူရှာမြို့ စစ်ဆေးရေးဂိတ်မှာ တူရကီနဲ့ အဇာဘိုင်ဂျန် အလံတွေကို မြင်တွေ့ရပြီး အဲဒီမြို့ဟာ တောင်ထိပ်ပေါ်မှာ တည်ရှိပါတယ်။  အဲဒီပေါ်ကနေ အာမေးနီးယန်းမျိုးနွယ်အစိုးရရဲ့ မြို့တော် စပါနာကတ်ကို စီးမိုးမြင်တွေ့နိုင်ပါတယ်။  ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ တပ်ဖွဲ့ဝင်တွေကို တင်ဆောင်တဲ့ ယာဉ်တန်းနဲ့ ရုရှားအလံလွှင့်ယာဉ်တွေ မြို့ထဲဝင်လာတာ တွေ့ရပါတယ်။  ငြိမ်းချမ်းရေးထိန်းသိမ်းရေးယာဉ်တန်းကိုတော့ စပါနာကတ်မြို့အနီး တပ်ဖြန့်ထားတာကို တွေ့ရပါတယ်။  အပစ်အခတ်ရပ်စဲရေးကြောင့် နာဂေါ်နိုခါရာဘတ်ခ် ဒေသတွင်းနဲ့ ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်တန့်ခဲ့ပါတယ်။  အဲဒီသဘောတူညီချက်အရ ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၂,၀၀၀ ကို တပ်ဖြန့်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

August 1, 2020

တပ်မတော်နှင့်ငြိမ်းချမ်းရေးတပ်ဖွဲ့ နှစ်ဖက်လုံးကို တရားနည်းလမ်းအတိုင်း ကိုင်တွယ်မည်ဟု ကရင်ဝန်ကြီးချုပ်ပြော

တပ်မတော်နဲ့ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့ နှစ်ဖက်စလုံးကို တရားမျှတအောင် တရားဥပဒေစိုးမိုးရေး တရားနည်းလမ်းအတိုင်း ကိုင်တွယ်မယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကေအန်အေ တပ်မဟာ ၅ နယ်မြေ ဒွယ်လိုးမြို့နယ်၊ ခူ့သူ့ထကျေးရွာအုပ်စုက ကရင်အမျိုးသမီး နော်မုနော်ကို တပ်မတော်သား ၂ ဦးက  ပစ်သတ်ပြီး ရွှေငွေတွေ ယူဆောင်သွားခဲ့တဲ့အတွက် အမှန်တရားပေါ်ပေါက်ရေးနဲ့ လုံခြုံရေးအတွက် ဒေသခံ​ပြည်သူတွေရဲ့ တောင်းဆိုနေမှု​တွေနဲ့ပတ်သက်ပြီး အခုလို ပြောဆိုလိုက်တာပါ။  “တပ်မတော်ဘက်က အမှားအယွင်းရှိသလို ကျမတို့ငြိမ်းချမ်းရေးတပ်ဖွဲ့တွေမှာလည်း အမှားအယွင်း အများကြီးရှိပါတယ်။ နှစ်ဖက်လုံးကို တရားမျှတအောင် တရားဥပဒေစိုးမိုးရေး တရားနည်းလမ်းအရ ကိုင်တွယ်ဖို့တော့ရှိတယ်။” အတတ်နိုင်ဆုံး တရားဥပဒေစိုးမိုးရေးကို ဆုပ်ကိုင်ပြီး တရားဥပဒေဖော်ဆောင်နိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်သလို တရားဥပဒေနဲ့ပဲ ဖြေရှင်းပေးသွားမယ်လို့ ဝန်ကြီးချုပ်ကြီးက ဆိုပါတယ်။ ဇူလိုင် ၂၂ ရက်နဲ့၂၈ ရက်က ဖာပွန်ခရိုင်တွင်းမှာ တပ်မတော်သား ၂ ဦးက နော်မုနော် ကို ပစ်သတ်ခဲ့ရမှုအတွက် အမှန်တရားပေါ်ပေါက်ရေးနဲ့ တပ်မတော်က နယ်မြေတိုးချဲ့ပြီး တပ်စခန်းတည်ဆောက်တာတွေ ပြန်ရုပ်သိမ်းပေးဖို့ ဒေသခံပြည်သူ ၄ ထောင်ကျော်က စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်တာ ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ရဲမင်းခေါင်
3 years Ago
Up