ငြိမ်းချမ်းရေးကော်မရှင်

November 6, 2019

ငြိမ်းချမ်းရေးကော်မရှင်ကို သမ္မတက ပြောင်းလဲဖွဲ့စည်း 

ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကော်မရှင်ရဲ့အကြံပေးအဖွဲ့ဝင်တချို့ကို နိုင်ငံတော်သမ္မတအမိန့်နဲ့  ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ငြိမ်းချမ်းရေးကော်မရှင်ကို ပြင်ဆင် ဖွဲ့စည်းတယ်လို့ ဆိုထားပြီး စာရင်းအရတော့ အဖွဲ့ဝင်တယောက်ပဲ ပြောင်းလဲသွားပါတယ်။ အမည်မဖော်လို့တဲ့ ကော်မရှင်အကြံပေး တဦးက “အရင်အဖွဲ့ဝင်အဖြစ်ပါခဲ့တဲ့ ဦးအောင်စိုး (သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကတော့ ပြန်ပါလာတာမတွေ့ရဘူး။ အဲဒီ နေရာမှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှမော်ဦးပါလာတယ်။ အကြံပေး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်ကြည်ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှာ ဥက္ကဋ္ဌဖြစ်ကတည်းက ငြိမ်းချမ်းရေးကော်မရှင်မှာ မလုပ်တော့ပါဘူး” လို့ ပြောပါတယ်။ အကြံပေးအဖွဲ့မှာပါလာတဲ့ ဦးမိုးဇော်ဦးက‌တော့ အခုနှစ် မေလမှာမှ အဖွဲ့ထဲကို ပါလာခဲ့တာ လို့လည်း သူက ပြောပါတယ်။ ဒါကြောင့် လက်ရှိကော်မရှင်မှာ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူးက အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ဦးနိုင်ငံလင်း၊ ဒေါက်တာ အောင်ထွန်းသက်နဲ့ ဦးလှမော်ဦးတို့ ဖြစ်ပါတယ်။ ကော်မရှင်အကြံပေးအဖွဲ့မှာတော့ အရင်ကလို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာ မတွေ့ရဘဲ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးနဲ့ ဦးမိုးဇော်ဦး တို့ ဖြစ်ပါတယ်။ ပြီးတော့ အထောက်အကူပြုအဖွဲ့ကိုလည်း ၃ ယောက်နဲ့ ဖွဲ့ပေးထားပါတယ်။ အခုလို လူတချို့ ပြောင်းလဲလိုက်တာကလွဲလို့ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန် စတာတွေ ကတော့ ပြောင်းလဲတာ မတွေ့ရဘူးလို့ ကော်မရှင်အကြံပေးက ပြောပါတယ်။ အခု ငြိမ်းချမ်းရေးကော်မရှင်ကို သမ္မတဦးထင်ကျော်လက်ထက်က ဖွဲ့ခဲ့တာဖြစ်ပြီး အဲဒါကို လူအစားထိုး ပြင်ဆင်လိုက်တာပါ။ အရင်ကဖွဲ့စည်းခဲ့တဲ့ အမိန့်စာရော၊ အခု ပြင်ဆင်တဲ့ အမိန့်စာကိုရော သမ္မတရုံးရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာတော့ ဖော်ပြထားတာ မရှိပါဘူး။
2 years Ago

September 17, 2019

တိုက်ပွဲဖြစ်နေသည့် မြောက်ပိုင်း ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေး

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့၊  ငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့တို့  စက်တင်ဘာ ၁၇ ရက် မနက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့   အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင် NRPC နဲ့ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနေ့ကတည်းက  ကျိုင်းတုံမြို့ကို ရောက်ရှိနေတာပါ။ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)တို့ ဦးဆောင် တက်ရောက်လာပြီး တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပါတယ်။  တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ အခုတကြိမ်မှ ဆွေးနွေးပွဲကို တက်ရောက်တာပါ။ ဒီဆွေးနွေးပွဲကို KIA၊ TNLA၊ MNDAA၊ AA အဖွဲ့တွေက ထိပ်ပိုင်းခေါင်းဆောင် တချို့လည်း  တက်ရောက်ခဲ့ပါတယ်။ လက်ရှိမှာ တပ်မတော်ဘက်ကကော မြောက်ပိုင်းအဖွဲ့တွေဘက်ကပါ အပစ်ရပ်ကာလ သတ်မှတ်ထားပေမဲ့ မြေပြင်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထောင်သောင်းချီတဲ့ အရပ်သားပြည်သူတွေ စစ်ဘေးရှောင်နေရပါ။ ဒီဆွေးနွေးပွဲ မအောင်မြင်ရင် တိုင်းပြည်အတွက် စိုးရိမ်စရာရှိတယ်လို့ အစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version တိုက္ပြဲျဖစ္ေနသည့္ ေျမာက္ပိုင္း ၄ ဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ က်ိဳင္းတုံတြင္ ေတြ႕ဆုံေဆြးေႏြး ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ ၄ ဖြဲ႕၊  ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕တို႔  စက္တင္ဘာ ၁၇ ရက္ မနက္က ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕မွာ ၿငိမ္းခ်မ္းေရးကိစၥ ေတြ႕ဆုံေဆြးေႏြးေနၾကပါတယ္။ လက္ရွိ တိုက္ပြဲေတြ ျဖစ္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔   အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးဖို႔အတြက္ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ NRPC နဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕တို႔ဟာ မေန႔ကတည္းက  က်ိဳင္းတုံၿမိဳ႕ကို ေရာက္ရွိေနတာပါ။ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဘက္က ဦးသိန္းေဇာ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(အၿငိမ္းစား)တို႔ ဦးေဆာင္ တက္ေရာက္လာၿပီး တပ္မေတာ္သား ကိုယ္စားလွယ္အဖြဲ႕ကိုေတာ့ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ပါတယ္။ တပ္မေတာ္သား ကိုယ္စားလွယ္ေတြအေနနဲ႔ အခုတႀကိမ္မွ ေဆြးေႏြးပြဲကို တက္ေရာက္တာပါ။ ဒီေဆြးေႏြးပြဲကို KIA၊ TNLA၊ MNDAA၊ AA အဖြဲ႕ေတြက ထိပ္ပိုင္းေခါင္းေဆာင္ တခ်ိဳ႕လည္း  တက္ေရာက္ခဲ့ပါတယ္။ လက္ရွိမွာ တပ္မေတာ္ဘက္ကေကာ ေျမာက္ပိုင္းအဖြဲ႕ေတြဘက္ကပါ အပစ္ရပ္ကာလ သတ္မွတ္ထားေပမဲ့ ေျမျပင္မွာေတာ့ တိုက္ပြဲေတြ ျဖစ္ပြားေနၿပီး ေထာင္ေသာင္းခ်ီတဲ့ အရပ္သားျပည္သူေတြ စစ္ေဘးေရွာင္ေနရပါ။ ဒီေဆြးေႏြးပြဲ မေအာင္ျမင္ရင္ တိုင္းျပည္အတြက္ စိုးရိမ္စရာရွိတယ္လို႔ အစိုးရဘက္က တရားဝင္ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
2 years Ago
More News
Up