ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ

May 27, 2020

KNU /KNLA-PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးကို ခန့်အပ်

ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်ကြီးစောဌေးမောင် နေရာကို ဆက်ခံဖို့အတွက် KNU/KNLA -PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေးကို မေ ၂၆ ရက်နေ့က တရားဝင် ခန့်အပ်လိုက်ပါတယ်။ KNU/KLNA-PC  ဌာနချုပ်တည်ရှိရာ ထို့ကော်ကိုးကျေးရွာမှာ မေလ ၂၄ ရက်က စတင်ကာ တပ်ဖွဲ့ဝင် အရာရှိ၊ တပ်မှူး၊ တပ်ဗိုလ်  ၄၀ ကျော်နဲ့ ၃ ရက်တာ တပ်မှူးအစည်းအဝေး ကျင်းပခဲ့ပြီးနောက် ခေါင်းဆောင်သစ်ကို အတည်ပြုခန့်အပ်လိုက်တာပါ။ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောထော့လေး၊  ဒုဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်စောယဉ်နု၊ စစ်ရေးချုပ်အဖြစ် ဗိုလ်ချုပ်စောနေစိုးမြ၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဗိုလ်ချုပ်နော်ကပေါ်ထူး၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစောကျော်ညွန့်တို့က  တာဝန်ထမ်းဆောင်သွားကြမှာ ဖြစ်ပါတယ်။ အသက် ၉၃ ရွယ် KNU /KNLA -PC ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ဟာ ထို့ကော်ကိုး(ဝေနော်တယာ) နေအိမ်မှာ လူကြီးရောဂါနဲ့ မေလ ၃ ရက် ညနေ ၆ နာရီက ကွယ်လွန်ခဲ့တာပါ။ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။  Photo - Saw Tar Tu / MPA
11 months Ago
Up