ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်

February 12, 2021

ပြင်ဦးလွင်မြို့တွင် လူအင်အား တစ်သိန်းကျော် ပုံစံအမျိုးမျိုးဖြင့် ဆန္ဒထုတ်ဖော်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ​ဒီနေ့ ဆက်လုပ်ပြုလုပ်နေပြီး အင်အား တစ်သိန်းကျော်က ပုံစံအမျိုးမျိုးနဲ့  ငြိမ်းချမ်းစွာ စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သပိတ်စစ်ကြောင်း ဦးဆောင်သူ ၁၁ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၁၂ နာရီခွဲက ပြန်လွှတ်ပေးခဲ့ပေမယ့် ဖမ်းဆီးခံထားရသူတစ်ချို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

နွယ်နီတင်မောင်

10 months Ago
Up