ငြင်းဆန်

A d v e r t i s e m e n t With Us

December 17, 2020

ဆိုက်ဘာအသရေဖျက်မှုဖြင့် စွပ်စွဲခံရသူ ဖိလစ်ပိုင် သတင်းထောက် လျှောက်လဲချက်တင်ရန် ငြင်းဆန်

ဖိလစ်ပိုင်အင်တာနက် သတင်းဌာနတခုကို ဦးစီးနေတဲ့ သတင်းထောက် မာရီယာရက်ဇာက သူရင်ဆိုင်နေရတဲ့ ဒုတိယအဆင့် ဆိုင်ဘာအသရေဖျက်မှုဟာ ရီစရာကောင်းတယ်လို့ ပြောရင်း လျှောက်လဲချက်တင်ဖို့ ငြင်းလိုက် ပါတယ်။ တချိန်က စာနယ်ဇင်း လွတ်လပ်ခွင့် ရှိတယ်လို့သိကြတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ သူနဲ့တခြား သတင်းထောက်တွေကို ခြိမ်းခြောက်နေတယ်လို့ သူက ပြောတဲ့ တရားစွဲမှု တသီတသန်းကြီးကို ရင်ဆိုင်နေရပါတယ်။  စွဲချက်တွေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ချက်အတွက် စောင့်နေချိန်မှာ အခြေအနေအရ စွပ်စွဲပြီး ရုံးတင်စစ်ဆေးခံယူဖို့ သူတို့ သဘောတူခဲ့တယ်လို့ ရက်ဇာရဲ့ အကြံပေး သီအိုဒိုရေတေ က ပြောပါတယ်။  စီးပွားရေးသမား ဝီလ်ဖရက်ဒိုကန်ကလည်း သူနဲ့ ရာဇဝတ်မှုဆိုင်ရာ သတင်းတရပ်ကို ချိတ်ဆက်ပြီး ၂၀၀၂ ခုနှစ်မှာ ဆောင်းပါးရေးထားတဲ့ ပုံကို ဖန်သားပြင် ဓာတ်ပုံရိုက်ပြီး မျှဝေမှုနဲ့ ရက်ဇာကို စွပ်စွဲပြီး ဆိုင်ဘာ အသရေဖျက်မှု အသစ်နဲ့ တရားစွဲ ထား ပါတယ်။  ကြားနာပွဲအပြီးမှာ သူ့ရှေ့နေက သတင်းထောက်တွေနဲ့ စကားမပြောခဲ့ပါဘူး။ ၂၀၁၂ တုန်းက ကန်နဲ့ တရားမဝင် လှုပ်ရှားမှုတွေကို ချိတ်ဆက် ရေးသားထားတဲ့ သတင်းဆောင်းပါးအတွက် ရက်ဇာဟာ အသရေ ဖျက်မှုနဲ့ ဇွန်လက ပြစ်ဒဏ် စီရင်ခံခဲ့ရ ပါသေးတယ်။  သူဟာ ထောင်ဒဏ် ၆ နှစ်ပြစ်ဒဏ်ကို ရင်ဆိုင်ရပေမယ့် ဆုံးဖြတ်ချက်အတွက် အသနားခံစာ တင်ထားပါတယ်။  ရက်ဇာဟာ အခွန်ကိစ္စနဲ့ မီဒီယာကို နိုင်ငံခြားသား ပိုင်ဆိုင်မှု ဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှု တွေ အပါအဝင် တခြားအမှု အတော်များများကိုလည်း ရင်ဆိုင်နေရ ပါတယ်။  ရက်ဇာကတော့ လူ ၆,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ သမ္မတ ဒူဒါတေရဲ့ မူးယစ်စစ်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဝေဖန်ရေးသားတဲ့ သတင်းတွေကြောင့် ဒီအမှုနဲ့ ရင်ဆိုင်ရတာလို့ ပြောပါတယ်။
3 months Ago

July 12, 2020

နီပေါဝန်ကြီးချုပ် ရှာမာအလီ ရာထူးမှထွက်ရန် ငြင်းဆန်

နီပေါနိုင်ငံအတွင်း လက်ရှိအာဏာရပါတီထဲက တင်းမာမှု နက်ရှိုင်းလာနေချိန်မျာ ဝန်ကြီး ချုပ် ကေပီရှာမာအလီက ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်လိုက်ပါတယ်။  ပိုင်နက်၊ ဂုဏ်သိက္ခာနဲ့ ညီညွတ်ရေး တိုးမြှင့်ဖို့ ခိုင်ခိုင်မြဲမြဲရပ်တည်သွားမယ်လို့ ဝန်ကြီးချုပ်က ဇူလိုင်လ ၁၀ ရက် ရုပ်သံမိန့်ခွန်းအတွင်း ပြောပါတယ်။  လက်ရှိအာဏာရ နေပယ်ကွန်မြူနစ်ပါတီအတွင်း ပြိုင်ဘက်ဂိုဏ်းကွဲတွေက ဝန်ကြီးချုပ် ရာထူးက ဆင်းပေးရေး တောင်းဆိုမှု တိုးနေပါတယ်။  အလယ်အလတ်ကွန်မြူနစ်ဝါဒီ ဝန်ကြီးချုပ်နဲ့ ပါတီဥက္ကဋ္ဌ ပရာချာဒါတို့ကြား အစည်းအဝေး တွေ ဆက်တိုက်လုပ်အပြီး အဖြေမထွက်နိုင်ဘဲ တင်းမာမှု တိုးလာတာပါ။ ၂၀၁၇ ရွေးကောက်ပွဲမှာ တုန်လှုပ်စရာကောင်းလောက်အောင် မော်ဝါဒီသူပုန်တွေက အနိုင်ရအပြီး ဝန်ကြီးချုပ်ဟာ မော်ဝါဒီတွေနဲ့ ညွန့်ပေါင်းဖွဲ့ခဲ့ပါတယ်။  ၂၀၂၂ မှာ ဝန်ကြီးချုပ်ရဲ့ရာထူးသက်တမ်း မကုန်ခင် မော်ဝါဒီသူပုန်ဟောင်း ပါတီဥက္ကဋ္ဌ ပရာချန်ဒါက ဝန်ကြီးချုပ်ရာထူးကို သူ့ဆီ လွှဲပေးဖို့ ဖိအားပေး တောင်းဆိုနေပါတယ်။  ဒါဟာ ခေါင်းဆောင် ၂ ဦးကြား အာဏာခွဲဝေရေး သဘောတူညီချက်အရ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
8 months Ago
More News
Up