င်္ဂလားဒေ့ရှ်

A d v e r t i s e m e n t With Us

June 11, 2020

ကိုဗစ်- ၁၉  လူနာသစ် ၁၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၂၆၀ ဦးအထိရှိလာ

အိန္ဒိယနိုင်ငံက ပြန်လာသူ ၁၀ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၂၆၀ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာသစ်တွေကတော့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က ၄ ဦး၊ တာမွေမြို့နယ်က ၃ ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ၃ ဦးနဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အသက် ၂၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် ပြန် အမျိုးသား ၁ ဦးတို့ဖြစ်ကြပါတယ်။ အဆိုပါလူနာသစ် ၁၁ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာမရှိပေမဲ့ ပြည်ပက ပြန်လာသူတွေဖြစ်တဲ့အတွက် သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေ ဖြစ်ကြပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၆၅၂ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၉၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY) မှ ဓာတ်ခွဲနမူနာ ၃၅၈ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL - MLM) မှ ဓာတ်ခွဲနမူနာ ၉၄ ခု စုစုပေါင်း ၁,၂၉၇ ခုကို ဒီကနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၁ ဦး တွေ့ရှိရတာပါ။ ဇွန်လ ၁၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၂၆၀ ဦး၊ သေဆုံးသူ ၆ ဦး  နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ  ၁၆၅ ဦးရှိပြီး ဒီအထဲက  ၁၅၀ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ Phot0- Theingi WinMyat
9 months Ago
Up