င်းလှမြို့နယ်

January 19, 2020

မင်းလှမြို့နယ်တွင် ပိုင်ရှင်မဲ့ ဘိန်းခင်း ၈ ဧကခန့် တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ငရုပ်ကောင်းကျေးရွာ အနောက်ဘက် ၂ မိုင်လောက်အကွာ တောင်စောင်းမှာ ပိုင်ရှင်မဲ့ဘိန်းခင်း ၈ ဧကခန့်အား ဇန်နဝါရီ ၁၇ ရက်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မင်းလှမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြည်စိုး ဦးဆောင်တဲ့အဖွဲ့ဟာ ငရုပ်ကောင်းကျေးရွာအနီး ဘိန်းခင်းများ လျှို့ဝှက်စိုက်ပျိုးထားကြောင်း သတင်းအရ တောတောင်၊ လျှိုမြောင်များအတွင်း တောနင်းရှာဖွေခဲ့ရာ ငရုတ်ကောင်းကျေးရွာ အနောက်ဘက်တောင်စောင်း၊ ပင်လယ်ပြင်မျက်နှာအမြင့်ပေ ၃၀၀၀ ကျော်လောက်မှာ ဘိန်းခင်းတွေကို ပိုင်ရှင်မဲ့တွေ့ရှိခဲ့ပြီး ဖျက်ဆီးခဲ့တယ်လို့  မင်းလှမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကြည်စိုးက ပြောပါတယ်။ “ဒေသခံတွေက သတင်းပေးတယ်၊ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဝိုင်းဝန်းကူညီဆောင်ရွက်ကြလို့ အခုလို ဖမ်းဆီးရမိတာပါ။ ဒါအများဆုံး ပထမအကြိမ် ဘိန်းခင်း ၃ ခင်း အသီးအပွင့်တွေနဲ့ ဧရိယာ ၈ ဧကကို တရက်တည်းနဲ့ ဖမ်းဆီးနိုင်တာပါ” ဖမ်းဆီးရမိတဲ့ ဘိန်းပင်တွေကို အဲဒီနေ့မှာပဲ ဘိန်းခင်းရှာဖွေရေးစစ်ကြောင်းအဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ တင်ရွှေ (မင်းဘူး)
3 years Ago
Up