င်းရွာ အလက(ခွဲ) စာသင်ကျောင်း

May 25, 2021

ဝက်လက်မြို့နယ် မင်းရွာ အလက(ခွဲ) စာသင်ကျောင်းတွင် ဗုံး ၃ လုံး ပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့မင်းရွာက အလက(ခွဲ) စာသင်ကျောင်းမှာ မေ ၂၄ ရက် ည ၁၁ နာရီလောက်က  ဗုံး ၃ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က ကျောင်းစဖွင့်ပြီး ကျောင်းအပ်လက်ခံတာတွေ့ရတယ်။ မူလတန်းကနေ အလယ်တန်းအထိ ကျောင်းသား ၆၀ လောက်အပ်ကြတယ်လို့တော့ပြောသံကြားတယ်။ ည ၁၁ နာရီလောက်ကြ ပေါက်ကွဲသံ ကြားရတာပဲ။ နှစ်ကြိမ်ကတော့ ကျယ်ကျယ်လောင်လောင်ကြား လိုက်ရတာပဲ။ တစ်ကြိမ်ကတော့ သိပ်မမြည်ဘူး”လို့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။

ဝက်လက်နယ်အတွင်းမှာ ဒါဟာ ပထမဆုံး ပေါက်ကွဲမှု ဖြစ်တာဖြစ်ပြီး မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းသွားအပ်တာ မြင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မင်းရွာစာသင်ကျောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ Non CDM ပညာရေးဝန်ထမ်းတွေက ဦးဆောင်ပြီး ဖွင့်တာလို့ သိရပါတယ်။

6 months Ago
Up