င်စင်ခံစားခွင့်

A d v e r t i s e m e n t With Us

December 13, 2019

ပြင်သစ်တွင် ပင်စင်ခံစားခွင့်ပြောင်လဲရေး ဆန္ဒပြပွဲများကြောင့် သယ်ယူပို့ဆောင်ရေး အခက်တွေ့

ပြင်သစ်နိုင်ငံမှာ ပင်စင်ခံစားခွင့်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစိုးရရဲ့အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြနေတာ ၈ရက်ဆက်တိုက်မြောက်နေ့ ရောက်လာပါပြီ။  ဒီဇင်ဘာ ၁၂ ရက်မှာ ဆန္ဒပြပွဲတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး ပါရီမြို့ဝန်းကျင်မှလည်း သယ်ယူပို့ဆောင်ရေးခရီးစဉ်တွေ ပရမ်းပတာဖြစ်လို့ ခရီးသွား ပြည်သူတွေ လိုရာခရီးရောက်ရေး အခက်တွေ့နေရပါတယ်။   ရှုပ်ထွေးတဲ့ပင်စင်စနစ်ကို  ပြုပြင်ရေး သမ္မတ အီမန်နျူရယ်မက်ခွန်းရဲ့ အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြဖို့ ကြာသာပတေးနေ့မွန်းလွဲပိုင်းမှာ အလုပ်သမားသမဂ္ဂအဖွဲ့တွေက တောင်းဆိုခဲ့ပါတယ်။ ပင်စင်သမားတယောက်စီတိုင်း မျှတတူညီတဲ့ ခံစားခွင့်ရရှိရေးအတွက် အမျိုးအစား ၄၀ကျော်ရှိတဲ့ ပင်စင်စနစ်ကို ရှင်းလင်းလွယ်ကူအောင်လုပ်ဖို့ သမ္မတ မက်ခွန်းက ဆုံးဖြတ်ခဲ့ တာပါ။  ဒါပေမယ့် အလုပ်သမားသမဂ္ဂအဖွဲ့တွေကတော့ မက်ခွန်းဟာ အလုပ်သမားတွေရဲ့ ဘဝနေထိုင်မှုအခြေအနေကို ခြိမ်းခြောက်နေတာလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အငြိမ်းစားလစာခံစားခွင့် အသက်ကန့်သတ်ချက်ကို အသက် ၆၂နှစ်အထိ တိုးမြင့်မယ် မက်ခွန်းရဲ့အစီအစဉ်ကိုလည်း ပြည်သူတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေ ကြပါတယ်။
1 year Ago
Up