င်ကာပူနိုင်ငံတွင် ရုံတင်ပြသမည်

A d v e r t i s e m e n t With Us

March 9, 2018

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား စင်ကာပူနိုင်ငံတွင် ရုံတင်ပြသမည်

မြန်မာနိုင်ငံမှာ ရုံတင်ပြသ အောင်မြင်မှုရရှိခဲ့တဲ့  ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို စင်ကာပူနိုင်ငံမှာ အခု မတ်လကုန်ပိုင်း စတင်ရုံတင်ပြသတော့မယ်လို့  ဥပါယ်တံမျဉ်ရုပ်ရှင်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ ဥပါယ်တံမျဉ်ရုပ်ရှင်ကို  စင်ကာပူမှာ လာမယ့် ရုံးပိတ်ရက်ရှည်ဖြစ်တဲ့ မတ် ၃၀၊ ၃၁ နဲ့ ဧပြီ ၁ ရက်နေ့တွေ Golden Mile Tower Carnival Cinema မှာ ပြသမှာလို့ ဆိုပါတယ်။ လက်မှတ်တွေကို City Hall တတိယထပ်က ရဲရင့်ရှေ့မှာ ရောင်းချပေးမှာဖြစ်ပြီး စတင်ရောင်းချမယ့်နေ့နဲ့ ပွဲချိန်တွေကိုတော့  ကြေညာပေးမယ်လို့ ဆိုပါတယ်။ ရုပ်ရှင်လက်မှတ် စောစောစီးစီး ဝယ်ယူအားပေးချင်သူတွေအနေနဲ့ အခုသီတင်းပတ် မတ်လ ၁၀ ရက်ကစပြီး Online ကနေ  http://www.carnivalcinemas.sg လင့်ခ်မှာ  စတင်ဝယ်ယူအားပေးနိုင်တယ်လို့ သိရပါတယ်။ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ခရစ်(စ)တီးနားခီက ရိုက်ကူးပြီး အဓိက သရုပ်ဆောင်တွေအဖြစ်  ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ Kaew Korravee နဲ့ မင်းဦးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
3 years Ago
Up