ငမြှောင်တောင်ပိုး

April 29, 2019

ဆီဆိုင်​မြို့နယ်တွင် င​မြှောင်​​တောင်​ပိုးကျ၍ ပြောင်းခင်းများ ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်​မြို့နယ်​၊ ​နောင်​အယ်​​ကျေးရွာမှာ ​ပြောင်းစိုက်​ခင်း ဧက ၁၀၀ ​ကျော်​ င​မြှောင်​​တောင်​ပိုးကျဖျက်​ဆီးတာကြောင့် ပြောင်းခင်းတွေ ပျက်စီးမှုနဲ့ ကြုံ​နေရတယ်​လို့ ​တောင်သူတွေက ပြောပါတယ်။ သင်္ကြန်​တွင်းမှာ စတင်​ပိုးကျပြီး ခုချိန်​ထိ မနှိမ်​နင်းနိုင်​​သေးဘဲ ​တောင်​သူ​တွေ အခက်​ခဲကြုံ​တွေ့​နေရတာပါ။ ​နောင်​အယ်​ရွာ​ပြောင်းစိုက်​​တောင်​သူ ခွန်​​မောင်​ဦးက “ကျနော်တို့​ဆေးဖြန်းတာ နည်းနည်း သက်​သာတာပဲရှိတယ်​။ ​ဆေးမဖြန်းနိုင်​တဲ့ အနီးနားခြံကတဆင့် ပြန်​ကူးလာတယ်​။ ပွားနှုန်းလည်း အရမ်းမြန်​တယ်​။ ဒီလိုဆက်​သွားရင်​ အရင်းပါပြုတ်​သွားနိုင်​တယ်​။ ကြုံလည်းမကြုံဖူး​တော့ အခက်​​တွေ့တာ​ပေါ့” လို့ ပြောပါတယ်​။ လက်​ရှိ ပိုးကျ​နေတဲ့ အ​ခြေအ​နေကို ဆီဆိုင်​မြို့နယ်​ သက်​ဆိုင်​ရာ တာဝန်​ရှိ​တွေက ကွင်းဆင်းစစ်​​ဆေးခဲ့ကာ ကာကွယ်​ရမယ့် နည်းလမ်းနဲ့ ဖြန်း​ဆေးတချို့​ ပေးအပ်​ခဲ့တယ်​လို့ သိရပါတယ်​။ ​နောင်​​ကျောအုပ်​ချု​ပ်ရေးမှူး ခွန်​​ကျော်​နိုင်​က “အခုပိုးကျချိန်​ဖြစ်​တဲ့အတွက်​ သူတို့​ ဆေးဖြန်းနိုင်​ရင်​ပိုးကို နှိမ်​နင်းနိုင်​မယ့်​အ​နေအထားရှိတယ်​။ တချို့ခြံ​တွေက ​ပြောင်းလည်း မ​ကောင်း​တော့ ​ဆေးမဖြန်းနိုင်​ဘူး​လေ” လို့ ပြောပါတယ်​။ ပြောင်းစိုက်​​တောင်​သူတချို့ကတော့ ​ဆေးဖြန်းဖို့ မတတ်​နိုင်​တဲ့အတွက်​ ပိုးကျ​ပေမယ့် ဆေးမဖြန်းဘဲ ဒီအတိုင်းထားသူ​တွေလည်း ရှိပါတယ်​။ ​နောင်​​ကျော​ကျေးရွာအုပ်​စုအတွင်း ​နောင်​အယ်​၊ ထီဖူး၊ ပုံ​လောင်း​ကျေးရွာအကြား ​ရေခြံမှာ စိုက်​ပျိုးတဲ့​ပြောင်း ဧက ၁၄၀ ​ကျော်​ရှိပြီး ခြံတိုင်းလိုလိုမှာ ပိုးကျ​နေ​တယ်လို့ သိရပါတယ်​။ အပင်​တိုင်​​ပေါ်မှာ ပိုး​ကောင်​​တွေ ခို​အောင်းပြီး ​ပြောင်းပင်​ကို ဖျက်​ဆီးစား​သောက်​ကြတာကြောင့် ​ပြောင်းဖူးပင်​​တွေ အကုန်​ပျက်​စီးကုန်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ င​မြှောင်​​တောင်​ပိုးကျ​ရောက်​ဖူးပြီး ဒီပိုးဟာ နှိမ်​နင်းရအခက်​ဆုံးပိုး​ ဖြစ်တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ သတင်း- ခွန်​ရာဇာ
2 years Ago

August 22, 2018

သီးနှံဖျက် ငမြှောင်တောင်ပိုး တွေ့ရှိပါက ချက်ချင်းအကြောင်းကြားရန် တိုက်တွန်း

အာရှနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ တွေ့ရှိနေပြီဖြစ်တဲ့ သီးနှံဖျက်ပိုးတမျိုးဖြစ်တဲ့ ငမြှောင်တောင်ပိုးကို မြန်မာနိုင်ငံမှာ တွေ့ရှိပါက ချက်ချင်းတင်ပြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ သီနှံကာကွယ်ရေးဌာနက တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ ငမြှောင်တောင်ပိုးဟာ ပြောင်းနဲ့ တခြားအဓိက သီးနှံတွေဖြစ်တဲ့ စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နဲ့ သီးနှံအပါအ၀င် သီးနှံအမျိုးပေါင်း ၈၀ ကျော် ဖျက်ဆီးနိုင်တဲ့အပြင် တညအတွင်း ကီလိုမီတာ ၁၀၀ အထိ ပျံသန်းနိုင်စွမ်းရှိကြောင်း ဖော်ပြထားပါတယ်။ ဒီလို လျင်မြန်စွာ ပျံ့သန်းနိုင်တဲ့ပိုးကို ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း မရှိပါက သီးနှံထွက်နှုန်းကို ထိခိုက်စေနိုင်တဲ့အပြင် စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်နိုင်တဲ့ အလားအလာတွေ ရှိတဲ့ ဖျက်ပိုးဖြစ်ကြောင်း ဖော်ပြပါတယ်။ လက်ရှိမှာတော့ အဲဒီ ငမြှောင်တောင်ပိုးကို အိန္ဒိယနိုင်ငံမှာ တွေ့ရှိနေပြီဖြစ်ပြီး အဲဒီကနေ ဆင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေကို ပျံ့နှံ့နိုင်သလို အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ပျံ့နှံ့ဝင်ရောက်နိုင်တဲ့အတွက် ထိရောက်စွာနှိမ်နင်းနိုင်ဖို့ တွေ့ရှိတာနဲ့ သီးနှံကာကွယ်ရေးရုံးချုပ်ကို တင်ပြဖို့ သတိပေးထားပါတယ်။ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု ပန်ခမ်းရွာနဲ့ မိုင်းလီကျေးရွာမှာ ပြောင်းစိုက်ခင်းထဲ ပိုးတွေကျလို့ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က သက်ဆိုင်ရာ မြေစာရင်းရုံး၊ စိုက်ပျိုးရေး ရုံးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ နယ်မြေထဲ ကွင်းဆင်းစစ်ဆေးရာမှာ ပြောင်းဖူး ၁ ပင်ကို ငမြှောင်တောင်ပိုး အကောင် ၅၀ – ၆၀ လောက် တွယ်ကပ်နေတာ တွေ့ရှိရတယ်လို့  သိန္နီမြို့နယ် SNLD အမတ် ဒေါ်နန်းခင်ထားရီက သူမ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။
3 years Ago
Up