ငါးအများပြား သေဆုံး

February 9, 2019

ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးတွင် ငါးအများပြား သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ငါးအများပြား သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ငါးတွေ သေဆုံးတာ သိန်းဂဏန်းလောက်ရှိပြီး ရာသီဥတုကြောင့် မဟုတ်ဘဲ အဆိပ်ခတ်မှုကြောင့် သေဆုံးတာလို့ ယူဆကြောင်း မြို့ခံတွေက ပြောပါတယ်။ ငါးကြင်း၊ ငါးဘတ် စတဲ့ငါးတွေ အများပြားသေဆုံးခဲ့ပြီး ဒေသခံတွေက ငါးတွေကို လိုက်ဆယ်ယူနေကြပါတယ်။ ရှေးဟောင်းကျုံးတော်ကြီးမှာ  မွေးမြူထားတဲ့ ငါးတွေကို သာသနာ ၂၅၀၀ စေတီဘုရားဖူးတွေက ကုသိုလ်ပြု ငါးစာ လာကျွေးကြတယ်လို့ သိရပါတယ်။ နေမျိုးထွဋ် (ရေး)
3 years Ago
Up