ငါးလက်မအရှည်ဇွန်း

April 20, 2019

ငါးလက်မအရှည်ဇွန်းကို မတော်တဆမျိုချမိသည့် တရုတ်အမျိုးသမီး

တရုတ်နိုင်ငံ ရှန်ဇန်က ဆရာဝန်တွေဟာ အမျိုးသမီးတယောက်ရဲ့ အူသိမ်အဦးပိုင်းမှာ ရှိနေတဲ့ ၁၃ စင်တီမီတာရှည်လျားတဲ့ စတီးဇွန်းတချောင်းကို အရေးပေါ်ဖယ်ရှားပေးခဲ့ရတယ်လို့ ဧပြီ ၁၇ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီအမျိုးသမီးဟာ လည်ချောင်းထဲမှာ စိုက်နေတဲ့ငါးရိုးကို ဖယ်ရှားဖို့ကြိုးစားရင်း ဇွန်းကို မတော်တဆ မျိုချမိလိုက်တာပဲ ဖြစ်ပါတယ်။ လူနာအမျိုးသမီးနာမည်ကို လိုင်လီလို့သာ ဖော်ပြထာားပါတယ်။ သူမဟာ Qungming ပွဲတော်မတိုင်ခင် ဧပြီ ၅ ရက်က ဇွန်းကို မတော်တဆ မျိုချမိလိုက်တာပါ။ ဒါပေမယ့် ပွဲတော်ရက်အတွင်းဖြစ်တာကြောင့် သူမဟာဆေးရုံသွားတာမျိုး၊ ဆရာဝန်တွေနဲ့ သွားတွေ့တာမျိုး မလုပ်ဘဲနဲ့ ဒီအတိုင်းသာ နေခဲ့ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ၁၃ စင်တီမီတာ အရှည်ရှိတဲ့ ဒီဇွန်းဟာ သူမကို တစုံတရာ ထိခိုက် နာကျင်စေခဲ့ခြင်း မရှိတာပါပဲ။ ဒီဖြစ်ရပ်တွေအပြီး လေးရက်အကြာမှာမှ သူမဟာ ရှန်ဇန်ဆေးရုံကိုသွားရောက် ခဲ့တာဖြစ်ပြီး ဆရာဝန်တွေက ဓာတ်မှန်ရိုက်ကာ သူမကို အရေးပေါ်ဖယ်ရှားပေးခဲ့တာပါ။ “ဇွန်းက သူ့အစာအိမ်အောက်ပိုင်းမှာ ကန့်လန့်ဖြတ်အနေအထားနဲ့ ရှိနေတာကြောင့် ဒီဖယ်ရှားမှုကို ကျနော်တို့ အထူးဂရုတစိုက်ဆောင်ရွက်ခဲ့ရပါတယ်” လို့ ခွဲစိတ်မှုကို ဆောင်ရွက်ပေးခဲ့တဲ့ ဆရာဝန်တဦးကပြောပါတယ်။ လိုင်လီဟာ လည်ချောင်းထဲ အရိုးဝင်ရင် ဒီလိုမျိုးဇွန်းနဲ့ ဖယ်ရှားမှုကို ပြုလုပ်နေကြဖြစ်ပြီး ဒီတခါမှာမှ လက်ချော်ကာ ဇွန်းကို ရုတ်တရက် မျိုချမိလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုအန္တရာယ်များတဲ့ ဖယ်ရှားမှုကို ဆရာဝန်တွေ ကအောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ လိုင်လီဟာ ဆေးရုံကဆင်းကာ မကြာခင် ပုံမှန်အတိုင်း နေထိုင်စားသောက်နိုင်တော့မယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up