ငါးများ သေ

August 4, 2018

တရုတ် ဟွမ်ဇစ်တုံး အမျိုးသားစိမ့်မြေ ရေခန်းခြောက်မှုကြောင့် ငါးများ သေ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ရှန်းယန်မြို့က ဟွမ်ဇစ်တုံး အမျိုးသား စိမ့်မြေရဲ့ လေးပုံတပုံ ခန်းခြောက်ပြီး ငါးတွေ သေနေတာကို တွေ့ရတာပါ။ မိုးခေါင်တာကြောင့် အစွန်းရောက် အပူချိန်ထိ ရောက်ခဲ့လို့ ကန်ကြမ်းပြင်ထိ ရေခန်းခဲ့ပြီး အောက်ခံမြေ ပတ်ကြားအက် ကုန်ပါတယ်။ ကန်ရဲ့ ရေတိမ်ပိုင်းက ရေထဲနဲ့ ပတ်ကြားအက် ကန်ကြမ်းပြင်တွေပေါ်မှာ ရေအပူချိန်မြင့်လို့ သေနေတဲ့ ငါးသေ ဆယ်တန်နီးပါးကို မြင်ရပါတယ်။ ရွှံ့ရေဟာ ၄၁ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ပူနေတယ်၊ ငါးတွေ ခံနိုင်တဲ့ အပူချိန်ဟာ ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် မပိုဘူးလို့ စိမ့်မြေရဲ့ တောထိန်း ကျန်းဟိုင်ဂံ က ပြောပါတယ်။ မိုးခေါင်လို့ အနားက ပြောင်းခင်းတွေလည်း အထွက်နှုန်း ထက်ဝက် ကျဆင်းခဲ့ပါတယ်။ ပြည်နယ်အတွင်း အပူလှိုင်း ဆက်ဖြတ်နေလို့ လာမယ့် ၃ ရက်အတွင်း မိုးခေါင်မှု အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ဒေသခံ မိုးလေဝသဌာနက သတိပေးခဲ့ပါတယ်။
3 years Ago
Up