ငါးများတင်လာသည့် ၆ ဘီးကားတိမ်းမှောက်

July 25, 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ငါးများတင်လာသည့် ၆ ဘီးကားတိမ်းမှောက်

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး စကားအင်းရဲစခန်းနယ်မြေ မိုင်တိုင် ၃၅၇/၄ နဲ့ ၅ အကြား ဇူလိုင်လ ၂၅ရက်မနက် ၈နာရီတွင်ငါးတွေတင်လာတဲ့ ၆ ဘီးကုန်တင်ကား တစီး နောက်ဘီးပေါက်ကာ တိမ်းမှောက်ခဲ့တယ်လို့ စကားအင်းရဲစခန်းက ပြောပါတယ်။ စခန်းမှူး ရဲအုပ်သိန်းဗိုလ်က "မန္တလေးငါးဒိုင်ပို့မယ့် ငါးတွေပါ။ ဘယ်ဘက်နောက်ဘီး ပေါက်ပြီး ထိန်းမရပဲ မှောက်တယ်။ တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ မီးသတ်တပ်ဖွဲ့ ကျန်းမာရေးအဖွဲ့တွေအတူ အကူအညီပေးခဲ့တယ်။ ယာဉ်မောင်း အောင်ကျော်မင်းပါ ၂ ဦးကတော့ ဒဏ်ရာမရကြဖူး"လို့ ပြောပါတယ်။ စကားအင်းရဲစခန်းတွင် ယာဉ်မောင်း အောင်ကျော်မင်းကို ယာဉ်မဆင်မခြင် ပေါ့ဆစွာမောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ အမှုအမှတ် ယာဉ်(ပ)၂၁/၂၀၁၇နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up