ငါးမိုင်းခွဲသူ

A d v e r t i s e m e n t With Us

June 3, 2020

ရွှေစက်တော် မန်းချောင်းအတွင်း ငါးမိုင်းခွဲသူ ၂ ဦး ထိခိုက်ဒဏ်ရာရ

မန်းရွှေစက်တော် မန်းချောင်းအတွင်းမှာ ငါးမိုင်းခွဲဖို့ ပြင်ဆင်နေတဲ့ အမျိုသား ၂ ဦး   ပြင်ဆင်နေစဉ် ပြီးခဲ့တဲ့ရက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး  ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။ လင်းလင်းမိုးနဲ့ မောင်ဦးဆိုတဲ့ အမျိုးသားနှစ်ဦး မန်းရွှေစက်တော် ဆင်စခန်း အလွန် မန်းချောင်းအတွင်း ငါးမိုင်းခွဲဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ပြီး လင်းလင်းမိုးမှာ ဘယ်ဘက်ကိုယ်ခန္ဓာ တစ်ခြမ်းလုံးနီးပါး(စိုးရိမ်ရ) ထိခိုက်ခဲ့တာကြောင့် မင်းဘူး ဆေးရုံမှာ ပို့ဆောင်ကုသနေပြီး မောင်ဦးကတော့ ညာဘက် ဖိနောင့်ပေါက်ပြဲ (မစိုးရိမ်ရ)ဒဏ်ရာနဲ့ ပဒါန်းဆေးရုံမှာ ဆေးကုသမှုခံယူ နေရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်လုပ်မိုင်းနဲ့ ငါးမိုင်းခွဲခဲ့တဲ့ ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ရွာနေ လင်းလင်းမိုးနဲ့ ဘုရားကျေးရွာနေ မောင်ဦးတို့ကို စကု အိုင်းမ နယ်မြေရဲကင်းစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၂၈၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း- ကိုလင်း(ချောက်)
9 months Ago
Up