ငါးမန်းကိုက်သတ်

A d v e r t i s e m e n t With Us

June 7, 2020

နယူးဆောက်သ်ဝေးပြည်နယ်၌ လှိုင်းစီးနေသူကို ငါးမန်းကိုက်သတ်

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ်ရဲ့ မြောက်ဘက်မှာ လှိုင်းစီးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသား တယောက်ကို ဆယ်ပေရှည်တဲ့ ငါးမန်းတကောင်က ကိုက်သတ်ခဲ့တယ်လို့ ရဲ က ပြောပါတယ်။ သေဆုံးသူဟာ ကွင်းစလန်နယ်သားဖြစ်ပြီး သူ့ကိုကူညီဖို့ ဘုတ်ပြားနဲ့ လှိုင်းစီးသူ အတော်များများ ရောက်လာပြီး ငါးမန်းကို ဝိုင်းတိုက်ခိုက်ခဲ့ကြတာပါ။  အဲဒီနောက် သူ့ကို ဆားကမ်းခြေဆီ ဆွဲခေါ်လာခဲ့ကြပါတယ်။ ငါးမန်းကိုက်တဲ့ နေရာဟာ ဆစ်ဒနီမြို့ကနေ မြောက်ဘက် မိုင် ငါးရာအကွာမှာ ရှိပါတယ်။ သြစတြေးလျနိုင်ငံမှာ ငါးမန်းကိုက်လို့ သေတဲ့ ဖြစ်စဉ်ဟာ ရှားပေမဲ့ ငါးမန်းက လူကိုကိုက်တဲ့ ဖြစ်စဉ် မှတ်တမ်းတော့ ရှိပါတယ်။  ဒီသေဆုံးမှုဟာ တစ်နှစ်အတွင်း တတိယမြောက်လို့ သတ္တဗေဒဥယျာဉ်များ စီမံရေး အစိုးရ ဌာနရဲ့ သတင်းအချက်အလက်တွေက ပြထားပါတယ်။
9 months Ago
Up