ငါးမန်းဖြူကြီးကို အကြောက်အရွံ့မရှိ ပွတ်သပ်ကိုင်တွယ်ပြသည့် အမျိုးသားရုပ်သံ ရေပန်းစား

March 28, 2017

ငါးမန်းဖြူကြီးကို အကြောက်အရွံ့မရှိ ပွတ်သပ်ကိုင်တွယ်ပြသည့် အမျိုးသားရုပ်သံ ရေပန်းစား

အစွယ်တွေအဖွေးသားနဲ့ ထိတ်လန့်ဖွယ် ငါးမန်းဖြူကြီးတကောင်ကို အိမ်မွေးတိရစ္ဆာန်တကောင်လို ပွတ်သပ်ကိုင်တွယ်ပြခဲ့တဲ့ အမျိုးသားတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ  အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ အဲဒီအမျိုးသားဟာ သင်္ဘောသားတဦးဖြစ်ပြီး သူဟာ ရေထဲက ကြောက်မက်ဖွယ် ငါးမန်းဖြူကြီးရဲ့ ပါးစပ်ကို အပေါ်ကို မတင်ဆွဲဖြဲပြခဲ့တာကို အသည်းယားဖွယ် တွေ့ရပါတယ်။ အဲဒီအချိန်မှာ ငါးမန်းကြီးဟာ ပါးစပ်ကြီးကိုဟပြီး တဘက်ကို လည်ထွက်သွားလိုက် သူက တို့ထိလိုက်ချိန်မှာ တပတ်ပြန်လှည့်လာလိုက်နဲ့ ရှိနေခဲ့တာပါ။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့နေခဲ့ကာ အများစုကတော့ ချစ်စရာကောင်းတယ်လို့ ဝေဖန်မှတ်ချက်တွေ ပေးနေကြပြီး တချို့ကတော့ ဒါဟာ ဆိုးဝါးတယ်လို့ ဝေဖန်ပြစ်တင်နေကြတာပါ။ အင်တာနက်အသုံးပြုသူတဦးက “ဒါဟာ ချစ်စရာကောင်းပြီး ထူးဆန်းတယ်မဟုတ်ဘူးလား” လို့ ပြောခဲ့ပြီး တွစ်တာ လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူ နောက်တဦးကတော့ “ဒါဟာ တကယ့်ကို ထိတ်လန့်စရာပဲ” လို့ ရေးခဲ့တာပါ။ ဒီအဖြစ်အအပျက်ဟာ ဘယ်မှာဖြစ်ခဲ့တယ် ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
5 years Ago
Up