ငါးမန်းတွေဝန်းရံနေသလို ဟာရီကိန်းတွေ မကြာခဏ ဒုက္ခပေးလေ့ရှိတဲ့ ရဟတ်ယာဉ် မော်တော်တွေနဲ့သာ သွားလို့ရတဲ့ သမုဒ္ဒရာထဲက ဟိုတယ်တခုကတော့ ကမ္ဘာမှာ အန္တရယ်အကြီးဆုံး ဟိုတယ်တခုလို ဆိုပါတယ်။
“The Frying Pan Tower”လို့ အမည်ပေးထားတဲ့ ဒီဟိုတယ်ဟာ အမေရိကန်ပြည်ထောင်စု မြောက်ကယ်လိုလိုင်းနား ကမ်းခြေနဲ့ ၃၄ မိုင်အကွာမှာ တည်ရှိပါတယ်။
ဟိုတယ်မှာ Spa နဲ့ ရင်ခုန်စရာ ညစာလည်း မရှိပါဘူး။ ရေပူနဲ့ အင်တာနက် ၀ိုင်ဖိုင်ကတော့ ရနေပါတယ်။ ရေပြင်ကနေ ၈၅ ပေလောက် အမြင့်မှာ တည်ရှိပါတယ်။
အနီးအနားကို ကြည့်လိုက်ရင်လည်း မြေပြင်နဲ့ တူတာဆိုလို့ ဘာကိုမှ တွေ့ရမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ သဘောင်္တွေ အမြောက်အမြား နစ်မြုပ်ခဲ့တာကြောင့် အတ္တလန်တိတ်ရဲ့ သချိုင်းလို့လည်း နာမည်ပြောင် ပေးထားပါတယ်။
ဟိုတယ်မှာ ၃ ရက်နေဖို့ အတွက် ဒေါ်လာ ၄၉၈ လောက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကတော့ သယ်ယူပို့ဆောင်စရိတ်တော့ မပါသေးပါဘူး။
အစိုးရကစွန့်ပစ်ထားတဲ့ မီးပြတိုက်ကို ၂၀၀၉ ခုနှစ်မှာ လေလံပစ်ရာကနေတဆင့် ပိုင်ရှင်က ၀ယ်ယူပြီး ဟိုတယ်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
5 years Ago