ငါးမန်း

October 17, 2018

အစာကျွေးချိန် ငါးမန်းကန်ထဲ မတော်တဆ ခြေချော်ပြုတ်ကျခဲ့သည့် အမျိုးသမီး (ရုပ်သံ)

ငါးမန်းတွေရှိတဲ့ ကန်ထဲကို ပြုတ်ကျသွားခဲ့ရင် ဘယ်လိုများဖြစ်မှာပါလိမ့်ဆိုတာ တွေးမိချင်မှ တွေးမိကြမှာဖြစ်ပေမယ့် ဒီအဖြစ်အပျက်ကတော့ တကယ့်ကို ဖြစ်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ကျရှင်းမြို့က ဝူယူးဈေးဝယ်စင်တာတခုထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ အောက်တိုဘာ ၁၆ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီဈေးဝယ်စင်တာမှာ လာရောက်ကြသူတွေကို ဆွဲဆောင်ဖို့အတွက် လီမွန်ငါးမန်းငယ်တွေကို ထွင်းဖောက်မြင်ရတဲ့ မှန်ကန်တွေထဲမှာ အလှမွေး ပြသထားတာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမည်ဖော်မပြထားတဲ့ အမျိုးသမီးတဦးဟာ ကန်အပေါ် လျှောက်လမ်းပေါ်မှ ဖြတ်သွားချိန်မှာ အပေါက်ကတဆင့် ကန်ထဲကို ခြေချော်ကျသွားခဲ့တာကို တွေ့ရပါတယ်။ ဈေးဝယ်စင်တာ တာဝန်ရှိသူတဦးကတော့ ဝန်ထမ်းတဦးဟာ ငါးမန်းတွေကို အစာကျွေးရင်း ပြန်ပိတ်ဖို့ မေ့သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသမီးဟာ ရေထဲကို ကျမသွားခင် အစွန်းမှာ ချိတ်နေခဲ့ပြီး တာဝန်ကျ လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းတွေက ကံကောင်းထောက်မစွာ ပြန်လည် ဆွဲတင်ကယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူကတော့ “ငါးမန်းတွေ အစာကျွေးချိန်မှာဆိုရင် ဒီပြေးလမ်းကို ပိတ်ထားတာပါ။ ဒါကတော့ မေ့လျော့ပြီး ဖြစ်သွားရတာပါ။ သူ့ကို ကန်ထဲက အမြန်ဆုံး ကယ်တင်နိုင်ခဲ့ပါတယ်။ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာ ရမသွားခဲ့ပါဘူး” လို့ ပြောပါတယ်။
3 years Ago

May 13, 2018

အင်္ဂလန်တွင် ငါးဖမ်းသမား ငါးမန်းကြီးကို ဖမ်းမိ (ရုပ်သံ)

အနောက်တောင်ပိုင်း အင်္ဂလန်ရှိ ဒဲဗွန်ကောင်တီမှာ ငါးဖမ်းသမား ၂ ဦးက ၈ ပေအရှည် ၂၂ စတုံအလေးချိန်ရှိတဲ့ ငါးမန်းကြီးတကောင်ကို ဖမ်းမိခဲ့တယ်လို့ သည်ဆန်းသတင်းမှာ မေလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။ ဂရိတ်ဝိုက် ငါးမန်းအမျိုးအစားနဲ့ဆက်စပ်တဲ့ ပေါ်ဘီဂယ် ငါးမန်းမကြီးကို ဂျွန်ကရုပါဆိုသူနဲ့ ဒန်ဟောကင်းစ်ဆိုသူ ငါးဖမ်းသမား ၂ ဦးက မြောက်ကမ်းရိုးတန်းက ဟာ့တ်လန်းအငူနားမှာ ဧပြီ ၂၂ ရက်နေ့က ဖမ်းမိတာလို့ သိရပြီး ရုပ်သံထဲမှာ ငါးဖမ်းသမားတွေရဲ့ ပျော်ရွှင်အော်ဟစ်နေသံတွေ ကြားရပါတယ်။ ငါးဖမ်းခရီးပြီးတဲ့နောက် ဒန်က ငါးမန်းကြီးက လှပပြီး ဒီနှစ်ထဲ သူတို့ ဖမ်းမိသမျှထဲမှာ အကြီးဆုံးလို့ ပြောလိုက်ပါတယ်။ ပေါ်ဘီဂယ်ငါးမန်းအမျိုးစားက ဗြိတိန်ငါးဖမ်းသမားတွေ အတွေ့အများဆုံး ငါးမန်းဖြစ်တယ်လို့လည်း သိရပါတယ်။
3 years Ago
More News
Up