ငါးဖမ်းသမားများ ကယ်တင်

A d v e r t i s e m e n t With Us

December 16, 2019

ရေဘဝဲနှင့်ငြိပြီး မပျံနိုင်ဖြစ်နေသည့် သိမ်းငှက်ကို ငါးဖမ်းသမားများ ကယ်တင် (ရုပ်သံ)

ကနေဒါနိုင်ငံ ကမ်းခြေတနေရာမှာ ကြီးမားတဲ့ ရေဘဝဲကြီးတကောင်နဲ့ ငြိကာ မပျံနိုင် ဖြစ်နေတဲ့ သိမ်းငှက်တကောင်ကို ငါးဖမ်းသမားတွေက အောင်မြင်စွာ ဖယ်ရှား ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ထူးထူးဆန်းဆန်း ဖြစ်ရပ်ဟာ ဒီဇင်ဘာ ၉ ရက်နေ့မှာ ပေါ်ပေါက်ခဲ့တာပါ။ မိုဝီ ကနေဒါနောက်ပိုင်း ငါးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းသမားတွေက ကနေဒါနိုင်ငံ ဗန်ကူးဗားကျွန်း အနောက်မြောက်ပိုင်း ကမ်းခြေတနေရာမှာ ကြီးမားတဲ့ ရေဘဝဲတကောင်ကြောင့် သိမ်းငှက်တကောင် မပျံနိုင် ဖြစ်နေတာကို မြင်တွေ့ရပြီး သူတို့ရဲ့ တွေ့ရှိမှု ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီနောက်မှာတော့ ငါးဖမ်းသမားတွေက သိမ်းငှက်နဲ့ ရေဘဝဲတို့ ငြိနေတာကို ဖယ်ရှင်းပေးခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။  ငါးဖမ်းသမားတွေဟာ သဘာဝအလှအပတွေကို ပုံမှန်မြင်တွေ့နေရသူတွေ ဖြစ်ပေမယ့် ဒီနေ့ ဖြစ်ရပ်ဟာတော့ တသက်မှာ တခါပဲ မြင်ရနိုင်တဲ့ ကြုံတောင့်ကြုံခဲဖြစ်ရပ်လို့ ကုမ္ပဏီက သူတို့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ငါဖမ်းသမားတွေ ဖယ်ရှားပေးပြီးနောက်မှာတော့ ရေဘဝဲကြီးဟာ ရေထဲကို ပြန်လည်ကူးခတ်သွားနိုင်ခဲ့ပေမယ့် သိမ်းငှက်ကတော့ ပျံနိုင်ဖို့ အချိန်နည်းနည်း ယူလိုက်ရတယ်လို့လည်း သိရပါတယ်။   ရုပ်သံ - Reuters
1 year Ago
Up