ငါးဖမ်းလိုင်စင်

October 14, 2021

ငါးဖမ်းလိုင်စင်ကိစ္စ ဗြိတိန်ကို လက်တုံ့ပြန်မည်ဟု ပြင်သစ်ပြော

ပြင်သစ်ဟာ ငါးဖမ်းလိုင်စင်တွေကိစ္စနဲ့ ပတ်သက်ပြီး  ဗြိတိန်ကို လက်တုံ့ပြန်မယ့် အရေးယူ ဆောင်ရွက်ချက်တွေကို လာမယ့်သီတင်းပတ်ကုန် ရက်အတွင်း ကြေညာနိုင်တယ်လို့ ပြင်သစ်အစိုးရ ပြောခွင့်ရသူက အောက်တိုဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

နှစ်နိုင်ငံသဘောတူညီချက်ကို မလေးစားရင် ချမှတ်နိုင်တဲ့ အရေးယူ ဆောင်ရွက်ချက် အတော်များများရှိပြီး ဒီလိုအရေးယူဆောင်ရွက်မှုတွေလုပ်ဖို့  ပြင်ဆင်ပြီးပြီလို့လည်း  အစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗြိတိန်ရေပိုင်နက်မှာ ငါးဖမ်းနေတဲ့ ပြင်သစ်ငါးဖမ်းလှေတွေအတွက် လိုင်စင် အပြည့်အဝ ထုတ်ပေးရေး စဉ်းစားဖို့ ဗြိတိန်အစိုးရက ငြင်းလိုက်လို့  ပြင်သစ်ဟာ ဒေါသထွက်နေပြီး လက်တုံ့ပြန် အရေးယူမယ်လို့လည်း ခြိမ်းခြောက်ပြောကြားလိုက်တာပါ။

တကယ်လို့ ဗြိတိန်အစိုးရဟာ ဥရောပသမဂ္ဂ (အီးယူ)ကနေ နုတ်ထွက်အပြီးမှာ အီးယူနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးအတွင်း ငါးဖမ်းခွင့်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကို ဆက်ပြီး လျစ်လျူရှု နေမယ်ဆိုရင် ပြင်သစ်ဟာ ဗြိတိန်နဲ့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးကို ပြန်သုံးသပ်ဖို့ အသင့်ပဲလို့ ပြင်သစ် ဝန်ကြီးချုပ်က အရင်အပတ်က ပြောခဲ့ပါတယ်။

3 days Ago
Up