ငါးဖမ်းနည်း

August 11, 2019

လျှပ်စစ်အသုံးပြု ငါးဖမ်းနည်းစနစ် သရုပ်ပြ (ရုပ်သံ)

Electrofishing လို့ခေါ်တဲ့ လျှပ်စစ်ကိုအသုံးပြုပြီး ငါးဖမ်းတဲ့ နည်းစနစ်တခုကို ကန်တာကီ သားငါးနဲ့ တောရိုင်းဌာနက ဝန်ထမ်းတွေက ဇူလိုင် ၃၀ ရက်မှာ သရုပ်ပြပြုလုပ်ခဲ့ပါတယ်။  ဒါဟာ ပင်ရင်း မျိုးစိတ်မဟုတ်တဲ့ အာရှငါးကြင်းတွေ ပျံ့ပွားနေမှုကို ထိန်းချုပ်ရေး ပရောဂျက်တစ်မှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေအတွက် သရုပ်ပြခြင်းလည်းဖြစ်ပါတယ်။ ဒီနည်းစနစ်ကို အသုံးပြုလုပ်ချိန်မှာ ဘာကလေကန်ထဲမှာ ရှိတဲ့ငါးတွေဟာ မူးမေ့သွားခဲ့ပြီး ရေပေါ်ကို ပေါ်လာပါတယ်။  အဲ့ဒီနောက်မှာတော့ ရေပေါ်ပေါ်လာတဲ့ ငါးတချို့ကို ဇီဝဗေပညာရှင်တွေက လေ့လာမှုပြုလုပ်ဖို့အတွက် သိမ်းယူခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ကန်တာကီ သားငါးနဲ့ တောရိုင်းဌာနက ထုတ်ပြန်တဲ့ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။ ဒီနည်းစနစ်ကို လေ့လာမှုအတွက် အသေးစား ငါးဖမ်းယူမှုတွေပြုလုပ်ဖို့ အသုံးပြုခဲ့တာဖြစ်ပြီး ဒီဧရိယာမှာ ငါးကြင်းတွေဟာ သာမာန်အခြေအနေထက်ပိုပြီးတော့ ပျံ့ပွားနှုန်းများပြားနေတယ်လို့လည်း ဌာနက ပြောပါတယ်။  ကန်တာကီ သားငါးနဲ့ တောရိုင်းဌာနရဲ့ Bio-Acoustic Fish Fence ပရောဂျက်ဟာ အများနဲ့ ဆိုင်တဲ့ ရေပြင်တွေမျာ အာရှငါးကြင်းမျိုးစိတ်တွေ ပျံ့ပွားမှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။
Zawgyi Version လွ်ပ္စစ္အသုံးျပဳ ငါးဖမ္းနည္းစနစ္ သ႐ုပ္ျပ (႐ုပ္သံ) DVB Electrofishing လို႔ေခၚတဲ့ လွ်ပ္စစ္ကိုအသုံးျပဳၿပီး ငါးဖမ္းတဲ့ နည္းစနစ္တခုကို ကန္တာကီ သားငါးနဲ႔ ေတာ႐ိုင္းဌာနက ဝန္ထမ္းေတြက ဇူလိုင္ ၃၀ ရက္မွာ သ႐ုပ္ျပျပဳလုပ္ခဲ့ပါတယ္။ ဒါဟာ ပင္ရင္း မ်ိဳးစိတ္မဟုတ္တဲ့ အာရွငါးၾကင္းေတြ ပ်ံ႕ပြားေနမႈကို ထိန္းခ်ဳပ္ေရး ပေရာဂ်က္တစ္မွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ အဖြဲ႕ဝင္ေတြအတြက္ သ႐ုပ္ျပျခင္းလည္းျဖစ္ပါတယ္။ ဒီနည္းစနစ္ကို အသုံးျပဳလုပ္ခ်ိန္မွာ ဘာကေလကန္ထဲမွာ ရွိတဲ့ငါးေတြဟာ မူးေမ့သြားခဲ့ၿပီး ေရေပၚကို ေပၚလာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေရေပၚေပၚလာတဲ့ ငါးတခ်ိဳ႕ကို ဇီဝေဗပညာရွင္ေတြက ေလ့လာမႈျပဳလုပ္ဖို႔အတြက္ သိမ္းယူခဲ့ၿပီး တခ်ိဳ႕ကိုေတာ့ ျပန္လႊတ္ေပးခဲ့တယ္လို႔ ကန္တာကီ သားငါးနဲ႔ ေတာ႐ိုင္းဌာနက ထုတ္ျပန္တဲ့ေၾကညာခ်က္တေစာင္မွာ ေဖာ္ျပထားပါတယ္။ ဒီနည္းစနစ္ကို ေလ့လာမႈအတြက္ အေသးစား ငါးဖမ္းယူမႈေတြျပဳလုပ္ဖို႔ အသုံးျပဳခဲ့တာျဖစ္ၿပီး ဒီဧရိယာမွာ ငါးၾကင္းေတြဟာ သာမာန္အေျခအေနထက္ပိုၿပီးေတာ့ ပ်ံ႕ပြားႏႈန္းမ်ားျပားေနတယ္လို႔လည္း ဌာနက ေျပာပါတယ္။ ကန္တာကီ သားငါးနဲ႔ ေတာ႐ိုင္းဌာနရဲ႕ Bio-Acoustic Fish Fence ပေရာဂ်က္ဟာ အမ်ားနဲ႔ ဆိုင္တဲ့ ေရျပင္ေတြမ်ာ အာရွငါးၾကင္းမ်ိဳးစိတ္ေတြ ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ဖို႔ ရည္႐ြယ္တယ္လို႔လည္း သိရပါတယ္။
2 years Ago
Up