တရုတ်နိုင်ငံ၊ ရှန်ဒေါင်းခရိုင်ထဲက ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး သောင်တင်နေခဲ့တဲ့ ငါးဖမ်းသင်္ဘောသားတွေကို ရဟတ်ယာဉ်တစင်းက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကယ်တင်ခဲ့ပါတယ်။
ဘီ-၇၃၀၉ ရဟတ်ယာဉ်ဟာ အဲဒီသင်္ဘောပေါ်မှ အရေးပေါ်ခေါ်ယူတာကို ရရှိပြီး နောက်မှာ ချက်ချင်းပဲ သွားရောက်ကယ်တင်ခဲ့တာ ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
“လူရှောက်ယူ-၆၀၉၀၉၀” အမည်ရ အဲဒီငါးဖမ်းသင်္ဘောဟာ ဒေါင်ကျင်းသင်္ဘောကျင်း အပြင်ဘက်မှာ မုန်တိုင်းမိခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ အန္တရာယ်က လွတ်မြောက်ကာ စိုးရိမ်စရာ မရှိတော့ဘူးလို့ သတင်းက ဆိုပါတယ်။
ရုပ်သံ - စီစီတီဗွီ
5 years Ago