ငါးဖမ်းပိုက်

July 25, 2018

ငါးဖမ်းပိုက်ကွန် အသုံးပြုပြီး တရားခံ ဖမ်းဆီးနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့ သရုပ်ပြ

တရားခံကို ဖမ်းဆီးဖို့ ဘယ်သူတွေ သေနတ်လိုပါသလဲ။ ထိုင်းရဲတပ်ဖွဲ့ကတော့ ချိုင်နတ်ခရိုင်ထဲမှာ သေနတ်အသုံးမပြုဘဲ တရားခံကို ဘယ်လိုဖမ်းဆီးနိုင်သလဲ ဆိုတာ ပြသနိုင်ခဲ့ပါပြီ။ လက်နက်ကိုင်ရမ်းကားတဲ့ တရားခံကို ငါးဖမ်းပိုက်ကွန် အသုံးပြုပြီး ဖမ်းဆီးနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သရုပ်ပြခဲ့ကြပါတယ်။ ဒါဟာ ရှေးရိုးဆန်တဲ့ နည်းလမ်းတခုဖြစ်ပေမယ့် အသုံးပြုနိုင်ဆဲဖြစ်တယ် ဆိုတာကို သက်သေပြလိုက်တာ ဖြစ်တယ်လို့ အမ်ထိုင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီသရုပ်ပြပွဲကို ခရိုင်တွင်း အကြီးဆုံး ဈေးဝယ်စင်တာတခုဖြစ်တဲ့ တက်စကိုလော့တပ်စ်မှာ ကျင်းပခဲ့တာပါ။ ဓားကိုင်အမျိုးသားတဦးက အမျိုးသမီးတဦးရဲ့ လည်ပင်းကို ဓားနဲ့ထောက်ထားခဲ့ချိန် ဈေးဝယ်လာကြသူတွေ သတိမမူမိခင်မှာပဲ ရဲတွေက ကယ်ထုတ်ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတွေနဲ့ တရားခံအမျိုးသားဟာ သဘောတူညီမှုတခုနဲ့ အမျိုးသမီးကို ထားခဲ့ပြီး ကားဆီပြန်သွားဖို့ လွှတ်ပေးခဲ့ချိန်မှာပဲ ငါးဖမ်းပိုက်ကွန်နဲ့အုပ်ပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ တရားခံအမျိုးသားဆီက ဓားကို မသိမ်းခင် ပိုက်ကွန်ထဲ ရှိနေချိန်မှာ လှံတွေနဲ့ ဘေးက ဝိုင်းထောက်ထားခဲ့ကြပြီး ဖမ်းဆီးဟန် သရုပ်ပြခဲ့ကြတာကို တွေ့ရပါတယ်။
3 years Ago
Up