ငါးဇွန် ဓမ္မာရုံဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်း သင်​​ထောက်ကူနှင့် စား​သောက်​ရေး​ အခက်ကြုံ

A d v e r t i s e m e n t With Us

January 8, 2020

ငါန်းဇွန် ဓမ္မာရုံဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်း သင်​​ထောက်ကူနှင့် စား​သောက်​ရေး​ အခက်ကြုံ

မန္တ​လေးတိုင်း​၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ဖြူတွင်းကုန်း​ကျေးရွာက ဓမ္မာရုံ ဘုန်း​​တော်ကြီးသင်ပညာ​ရေး​ကျောင်း ပရဟိတ သာသနာပြုဌာနမှာ သင်​​ထောက်ကူပစ္စည်းတွေနဲ့ စား​သောက်​ရေး​ အခက်အခဲဖြစ်​​နေတယ်လို့ သိရပါတယ်။ ဒီကျောင်းကို ဆရာ​တော်အရှင်ဥတ္တရ (အနာဂတ်အလင်း လူငယ် ဖွံ့ဖြိုး​ရေး) က​နေ ဦး​ဆောင်မှုပြုလုပ်ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ။ စာသင်ကြား​ရေး စတင်ခဲ့စဉ်က ​အစစအရာရာအားနည်းမှု​တွေနဲ့ ရင်ဆိုင်လုပ်ကိုင်ခဲ့ရကာ စာသင်​ဆောင်ကို ဂျပန်နိုင်ငံရဲ့ကူညီ​ထောက်ပံ့မှုနဲ့ တည်ဆောက်ခဲ့ပြီး အခုချိန်မှာ​ ​ကျောင်းသားအင်အားများလာတာကြောင့် သင်​ထောက်ကူအပိုင်းနှင့် စား​သောက်​ရေးအပိုင်းမှာ အခက်အခဲဖြစ်​ပေါ်​နေတာလို့ အရှင်ဥတ္တရက မိန့်ပါတယ်။ “လက်ရှိသင်ကြား​ရေးပိုင်းမှာ kg တန်းက​​နေ ၁၀ တန်းအထိ သင်ကြား​ပေး​နေတာပါ။ သင်ကြား​ရေးအပိုင်း ကုန်ကျစရိတ်အပါအဝင် စား​သောက်မှုအပိုင်း​​တွေကို ဦးဇင်းရဲ့ သာ​ရေး နာ​ရေးကရတဲ့ နဝကမ္မ​လေး​တွေနဲ့ ​ဖြေရှင်း​နေရတာ။ အခုဆိုရင် တိုင်းရင်းသား​လေး​တွေကလည်း တိုးလာ​တော့ စား​သောက်​ရေးဆိုရင် ပိုပြီးဆင်းရဲလာတယ်။ ​ကျောင်းဆရာ /ဆရာမ အင်အားလည်းများလာ​တော့ ​ထောက်ပံ့​ငွေ အခက်အခဲပါ ​တွေ့ကြုံ​​နေရတယ်” လို့ အရှင်ဥတ္တရက မိန့်ပါတယ်။ ငါန်းဇွန်မြို့နယ် ဖြူတွင်းကုန်းရွာ​နေ ဆရာမ ​ဒေါ်နုနုယဉ်က  "သင်​ထောက်ကူပစ္စည်းပိုင်းက​တော့ ဦးဇင်းကလည်း ဝယ်​ပေး​ပေမယ့် ​ငွေ​ရေး​ကြေး​ရေး အခက်အခဲရှိ တာ​ပေါ့။ ကိုယ်က ပရဟိတ ​ကျောင်းဆို​တော့ လှူဒါန်းမယ့်သူများရင် ပိုပြီး​တော့သုံးလို့ရတာ​ပေါ့။ လှူဒါန်းမယ့်သူနည်းရင်​တော့ လိုသ​လောက်ချင့်ချိန်ပြီး သုံးရတာ​ပေါ့။ ​ငွေ​ရေး​ကြေး​ရေးအပါအဝင် သင်​ထောက်ကူပစ္စည်း​တွေလည်း ပိုပြီး​ကူညီ​ပေး​စေချင်တယ်။ က​လေး​တွေလည်း ပညာ​ရေးမှာ ပိုပြီး ထိ​ရောက်​အောင်သင်ကြားနိုင်တာ​ပေါ့။ နိုင်ငံ​တော်အစိုးရအ​နေနဲ့က​တော့ သင်​ထောက်ကူပစ္စည်း​ ထောက်ပံ့​ပေးထားတာရှိသလို ​ကျောင်းသားဦး​ရေကြည့်ပြီး တလကို ၁ သိန်း​ကျော်​ထောက်ပံ့ ​ပေးပါတယ်"လို့ ​ပြောပါတယ်။ အဲဒီ​ကျောင်းမှာ ပညာသင်ယူ​နေတဲ့ ရှမ်းပြည်နယ် ​ကျောက်မဲမြို့နယ် ကုန်းသာ​ကျေးရွာမှ ​ကျောင်းသူ​ မနန်း​အေးမိုးက "သမီးတို့ရွာမှာ စာသင်တဲ့အချိန်အဆင်မ​ပြေဘူး။ တခါတလေ စစ်ပွဲ​တွေဖြစ်တယ်။ ပညာ​ရေးကလည်း အဆင်မ​ပြေဘူး။ ​အေး​အေးချမ်းချမ်းလည်း မသင်ရဘူး။ တခါတလေ ​ပြေးရတယ်။ ပညာ​ရေးမှာလည်း ၄ တန်းပြီးရင် တက်ဖို့အခက်အခဲဖြစ်လို့ ဒီဘက်လာသင်တာ။ ဒီဘက်သင်ရတာ အဆင်​လည်း​ပြေတယ်။ ​ပျော်လည်း ​ပျော်တယ်"လို့ ​ပြောပါတယ်။ အဲဒီ​ကျောင်းမှာ ​ကျောင်းတွင်းပညာ​ရေးသာမက ​ကျောင်းပြင်ပ ​ပညာ​ရေးအဖြစ် ​နွေရာသီ ​ကျောင်းပိတ်ရက်​တွေမှာလည်း အသက်​မွေးဝမ်းကြောင်းအ​ထောက်အကူပြု အ​ခြေခံစက်ချုပ် သင်တန်း နဲ့ အ​ခြေခံကွန်ပျူတာအသုံးပြုနည်း သင်တန်း​တွေအပြင် ဥတ္တရအလင်း စာကြည့်တိုက် တို့ကိုလည်း ဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။ ဓမ္မရုံဘုန်း​တော်ကြီးသင်ပညာ​ရေး​ကျောင်းမှာ kg တန်းက​နေ ၁၀ တန်းအထိရှိပြီး ​ကျောင်သားဦး​ရေ ၁၆၀ လောက်ရှိပြီး ဆရာ/ဆရာမ ၁၃ ​ယောက်က ပညာသင်ကြားပေးနေတာပါ။ ဒီကျောင်းမှာ ​ဒေသတွင်း က​လေးငယ်တွေသာမက ​တောင်​ပေါ်​​ဒေသမှ တိုင်းရင်းသားက​လေးတွေလည်း လာရောက်ပြီး ပညာသင်ကြားနေကြပါတယ်။ ဌေးလှိုင်
1 year Ago
Up