ငါန်းဇွန်း

May 21, 2021

ငါန်းဇွန်မြို့နယ်၌ ချောင်းရေကျနေသဖြင့် ခရီးသွားများ အခက်ကြုံ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဒီရက်ပိုင်းက မိုးသဲကြီးမဲကြီးရွာချလိုက်တာကြောင့်    ရိုးရေ၊ ချောင်းရေကျပြီး  မတ်လ ၂၁ ရက်နေ့မှာ   မြင်းခြံ-တံတားဦး-မန္တလေးလမ်းမှာ ခရီးသည်တွေ သွားလာရေး ခက်ခဲနေပါတယ်။

ငါန်းဇွန်နယ်နဲ့ မြင်းသည်ရွာကြား မြင်းသည်ချောင်းရေကျော်နေတာမို့လည်း  ကားတွေ ဖြတ်သန်းသွားလာနိုင်အောင် ချောင်းရေကျစောင့်ဆိုင်းနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းရေလာနေလို့   ကားတွေမကူးနိုင်ဘဲ      မော်တော်ဆိုင်ကယ်တွေသာ  တစ်စီး ကျပ်    ၂၀၀၀ ပေးပြီး အထမ်းနဲ့ ချောင်းကျော်နေရတယ်လို့ ဆိုင်ကယ်စီးခရီးသွား တစ်ဦးက ပြောပါတယ်။  

7 months Ago
Up