ငါန်းဇွန်မြို့နယ်

February 11, 2020

ငါန်းဇွန်မြို့နယ်၌ ဆောက်လက်စ အဆောက်အဦ ပြိုကျ၍ အမျိုးသား ၆ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ တရုတ်နိုင်ငံသား ကန်ထရိုက်ဦးဆောင် ဆောက်လုပ်နေတဲ့ အဆောက်အအုံတခု အောက်ခြေမခိုင်ဘဲပြိုကျခဲ့လို့ အမျိုးသား ၆ ယောက် ဒဏ်ရာရသွားတယ်လို့  ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော်တည်ဆောက်ရေး စီမံကိန်းလုပ်ကွက် ၂ မှာ တရုတ်နိုင်ငံ ပေါင်ရှမ်းပြည်နယ်က လာရောက်ဖွင့်လှစ်တဲ့ Power China Construction  ကုမ္ပဏီမှာ ဖြစ်ခဲ့တာပါ။  အဲဒီအတွက် ကန်ထရိုက်ပေးထားတဲ့ Silohydro Dureau-14 ကုမ္ပဏီက ဆောက်လုပ်ရေးတာဝန်ခံ တရုတ်နိုင်ငံသား Song Zhong Lei ဦးဆောင်ပြီး မြန်မာနိုင်ငံသား ၁၅ ယောက်နဲ့ ဆောက်နေတဲ့ အလျား ၂၈၀ ပေ၊ အနံ ၁၁၀ ပေ၊ အမြင့် ၂၄ ပေလောက်ရှိတဲ့ ပစ္စည်းသိုလှောင် ဂိုထောင်ဟာ ဆောက်လုပ်နေတုန်းမှာပဲ အောက်ခြေမခိုင်ခန့်လို့ သံဖရိန်တွေ ပြိုကျခဲ့တာပါ။ ဒါကြောင့် မြန်မာလုပ်သား ကိုအေးကို အပါအဝင် အမျိုးသား ၆ ယောက်တို့မှာ နဖူး၊ နှုတ်ခမ်း၊ ခါး၊ လက်၊ ခြေထောက် ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေ ရခဲ့ပြီး မစိုးရိမ်ရပေမယ့် မြို့သာတိုက်နယ် ဆေးရုံကတဆင့် မန္တလေးပြည်သူ့ဆေးရုံကို လွှဲပြောင်းပို့ဆောင် ကုသခဲ့တယ်လို့ သိရပါတယ်။
1 year Ago
Up