ငဝန်မြစ်ရေ

July 20, 2018

ငဝန်မြစ်ရေ ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်

ဇူလိုင် ၂ဝ ရက် မြန်မာစံတော်ချိန် ၂ နာရီခွဲတိုင်းထွာချက်အရ ငဝန်မြစ်ရေဟာ သာပေါင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်မှာ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတိပေးချက် ထုတ်ပြန်ပါတယ်။ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့လည်း အကြံပြုထားပါတယ်။
5 years Ago
Up