ငလျင်လှိုင်

October 18, 2019

မြေငလျင် ကြိုတင်သတိပေးစနစ် အမေရိကန်ပြသ

ငလျင်လှိုင်းတွေကို ထောက်လှမ်းပြီး ငလျင်မလှုပ်ခင်  မိုဘိုင်း အပလီကေးရှင်းကနေတဆင့် ဒေသခံတွေကို ကြိုတင်သတိပေးတဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး မြေငလျင် ကြိုတင် သတိပေးစနစ်ကို  အောက်တိုဘာ ၁၇ ရက်နေ့က ပြသခဲ့ပါတယ်။  အဲဒီ ပရိုဂရမ်ဟာ မက္ကဆီကိုနဲ့ ဂျပန်မှာ အသုံးပြုနေပြီဖြစ်တဲ့  ကြိုတင်သတိပေးစနစ်တွေထက် ပိုမိုခေတ်မီ ဆန်းပြားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂယ်ဗင်နယူဆမ်က   အမွှမ်းတင်လိုက်ပါတယ်။ နယူဆမ်က လူတွေအနေနဲ့ MyShake အပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲထားရင်  ဆက်သွယ်မှတ်တွေ ရလာလိမ့်မယ်လို့ ဆိုပါတယ်။  အဲဒါဟာ  ကမ္ဘာပေါ်က ဘယ်နိုင်ငံမှ မရသေးတဲ့ သတင်းအချက်အလက်ရနိုင်စွမ်း ဖြစ်တယ်လို့ ဂယ်ဗင်နယူဆမ်က ပြောခဲ့ပါတယ်။ အဲဒီစနစ် အလုပ်လုပ်ပုံကိုတော့ သူက ရှင်းမပြခဲ့ပါဘူး။ ဒီမြေငလျင် ကြိုတင်သတိပေးစနစ်ပြသမှုဟာ ကယ်လီဖိုးနားတဝှမ်းမှာ လုပ်နေတဲ့ Great Shakeout မြေငလျင် ဇာတ်လိုက်လေ့ကျင့်ခန်းနဲ့ သွားတိုက်ဆိုင်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago
Up