ငလျင်ကြောင့် နျူးကလီးယားစက်ရုံ ထိခိုက်မှု မရှိဟု ဂျပန်အစိုးရ ကြေညာ

April 15, 2016

ငလျင်ကြောင့် နျူးကလီးယားစက်ရုံ ထိခိုက်မှု မရှိဟု ဂျပန်အစိုးရ ကြေညာ

ဂျပန်နိုင်ငံ တောင်ပိုင်းဒေသမှာ ဧပြီ ၁၄ ရက်နေ့ ညပိုင်းက ပြင်းအား ၆ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး အိမ်တွေ ပြိုကျပျက်စီးသွားပေမယ့် နျူးကလီးယားစက်ရုံကို ထိခိုက်မှု မရှိဘူးလို့ ဂျပန် အစိုးရ ပြောခွင့်ရသူက ကြေညာပါတယ်။ ၉ ယောက်ထက် မနည်း သေဆုံးပြီး လူရာချီ ဒဏ်ရာရတယ်လို့ ဒေသ မီဒီယာတွေက အစီရင်ခံပါတယ်၊ ငလျင် လှုပ်တဲ့ ဒေသက လူပေါင်း ၄၄၄၀၀ ကိုလည်း ဘေးလွတ်ရာကို ကယ်ထုတ်ခဲ့ရတယ်လို့ ကျိုဒို သတင်းက ဆိုပါတယ်။ ဒေသ စံတော်ချိန် ည ၉နာရီခွဲလောက်မှာ ငလျင်ကြီး လှုပ်ပြီးနောက် နောက်ဆက်တွဲ ငလျင်တွေ အကြိမ်တရာကျော် ဆက်တိုက် လှုပ်ခဲ့ပါတယ်၊ လူနေအိမ်ပေါင်း တသောင်းခြောက်ထောင် ငါးရာလောက် လျှပ်စစ်မီး ပြတ်တောက်နေခဲ့တယ်လို့ ကူရူ့လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီက ပြောပါတယ်။ ကူရူးကျွန်းပေါ်မှာ ရှိတဲ့ နျူးကလီးယား ဓာတ်အားပေး စက်ရုံ ၂ ရုံ နဲ့ အနီးအနားက ရှီကိုကူ ကျွန်းပေါ်မှာရှိတဲ့ နျူးကလီးယား ဓာတ်အားပေး စက်ရုံတရုံတို့တော့ ငလျင်ဒဏ်ကြောင့် ထိခိုက်တာ မရှိဘူးလို့ နျူးကလီးယား ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဆူနာမီသတိပေးချက် ထုတ်ပြန်တာ မရှိပေမယ့် အမြန်ရထားခရီးစဉ်တွေကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ရပ်ဆိုင်းခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက အခြေအနေကို ခြေခြေမြစ်မြစ် သိနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတဲ့ အကြောင်း ငလျင်လှုပ်ပြီးပြီးချင်း သတင်းထောက်တွေကို ပြောပါတယ်။
6 years Ago
Up