ငလျင်လှုပ်ခတ်

January 24, 2019

မြန်မာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းအနီး အင်အား ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်

မြန်မာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းအနီးမှာ အင်အား ၄.၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၄၇)မိနစ်၊ (၄၇) စက္ကန့် အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် မိုင် ၉၀ လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး မြောက်လတ္တီတွဒ် (၁၅.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၀) ဒီဂရီ၊ အနက် (၁၂၆) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ် (ခ်) တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago

December 29, 2018

မော်လိုက်မြို့ အရှေ့ဘက်တွင် အင်အား ၄.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၆ နာရီလောက်က မော်လိုက်မြို့ရဲ့ အရှေ့ဘက်ကို ဗဟိုပြုပြီး ငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၄ မိုင်ခန့်ကွာဝေးတဲ့ မော်လိုက်မြို့ရဲ့ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၆၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၂ ဒီဂရီ၊ အနက် ၈၉ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up