ငလျင်ဆိုင်ရာဖိုရမ်

July 13, 2018

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ငလျင်ဆိုင်ရာဖိုရမ် ကျင်းပ (ဓာတ်ပုံ)

ဒုတိယအကြိမ် ငလျင်ဆိုင်ရာဖိုရမ်ကို ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဇူလိုင် ၁၃ ရက်နေ့က စတင်ကျင်းပနေပါတယ်။ ဖိုရမ်ကို ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်တာ ကျင်းပမှာဖြစ်ပြီး ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တာတွေကို ဆွေးနွေးနေကြတာပါ။ မြန်မာနိုင်ငံဟာ စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့၊ ကုလားတန် ပြတ်ရွေ့၊ ကဘော် ပြတ်ရွေ့တွေပေါ်မှာ တည်ရှိတာကြောင့် ငလျင် သဘာဝဘေးအန္တရာယ်ရှိပါတယ်။ မြန်မာ့သမိုင်းမှာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှုတွေကြောင့် အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တာတွေနဲ့  ရှေးဟောင်း အဆောက်အအုံတွေ ပျက်စီးခဲ့တာတွေ ရှိခဲ့ပါတယ်။
5 years Ago
Up