ငဖဲမြို့မရဲစခန်း

August 22, 2018

သတင်း​ထောက်​များကို ဆဲဆိုခြိမ်း​ခြောက်​ခဲ့သူအား အမှုဖွင့် အရေးယူ

မ​ကွေးတိုင်း​ဒေသကြီး၊ ငဖဲမြို့နယ်​၊ ပဒါန်း​ကျေးရွာမှာ သြဂုတ်​ ၂၀ ရက်​​ ည​နေက သတင်းစာရှင်းလင်းပွဲမှာ သတင်းလာယူ​တဲ့ သတင်း​ထောက်​​တွေကို ဆဲဆိုခြိမ်း​ခြောက်သူကို  အမှုဖွင့်ထား​တယ်လို့ ငဖဲမြို့မရဲစခန်းက ပြောပါတယ်။ ငဖဲမြို့မစခန်းမှူး ဒုရဲမှူးမိုး​ဇော်​က "​ပဒါန်းလမ်းဆုံက ​ကောင်းထက်​စံ စား​သောက်​ဆိုင်​မှာ လမ်း​မြေဧရိယာ​ပေါ်မှာ အ​ဆောက်​ဦ ​ဆောက်​ထားတဲ့ကိစ္စ ​ဒေသခံပြည်​သူ​တွေက သတင်းမီဒီယာ အသီးသီးကို ဖိတ်​ကြားပြီး သတင်းစာရှင်းလင်းပွဲ လုပ်​ကြတယ်​။ ရှင်းလင်းပွဲ အပြီးမှာ လမ်း​မြေကို ကျူး​ကျော်​​ဆောက်​လုပ်​ထားခြင်း ရှိမရှိ သတင်းဓာတ်​ပုံ ရိုက်​ကူး မှတ်​တမ်းယူ​နေချိန်​မှာ မိုဘိုင်းစတားဖုန်းဆိုင်​ အုတ်​တံတိုင်း နံရံ​ပေါ်က​နေ ပဒါန်း​ကျေးရွာ ​ကျောက်​တန်း​လေးရပ်​မှာ​နေတဲ့ သားကြီး​ (​​ခေါ်) ​နေမင်းက သတင်း​ထောက်​​တွေကို ဆဲဆိုကြိမ်း​မောင်း ခြိမ်း​ခြောက်​တယ်​ဆိုပြီး လာ​ရောက်​တိုင်​ကြားတဲ့အတွက်​ အမှုဖွင့် အ​ရေးယူ​ ဆောင်​ရွက်​ထားပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ပဒါန်း​ကျေးရွာ အမှတ် ​၃ ရပ်​ကွက်​ လမ်း​မြေဧရိယာ​ပေါ်မှာ မိုဘိုင်းစတားဖုန်းဆိုင်​က ကျူး​ကျော်​ပိတ်​ဆို့ ဆောက်​လုပ်​ထားတာကို ဝန်​ကြီးချုပ်​ဆီ တိုင်​ကြားထားတာနဲ့ ပတ်​သက်​ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်​ခဲ့တာပါ။ မ​ကွေးမြို့ခံ သတင်း​ထောက် ဦး​အောင်​သက်​ပိုင်​က “မိန်းက​လေး သတင်း​ထောက်​​တွေလည်း ပါတယ်​။ ရှင်း​လင်းပွဲအပြီး ​ဓာတ်​ပုံမှတ်​တမ်းယူ​နေတဲ့ အချိန်​မှာ ဆဲဆိုခြိမ်း​ခြောက်​တာ​။ ကျနော်​တို့က ဒီတိုင်းထားမယ်​ဆိုရင်​ အသက်​အန္တရာယ်​ကို ရန်​မမူဘူးလို့ မ​ပြောနိုင်​ဘူး။ အဲဒါ​ကြောင့် သတင်း​ထောက်​အားလုံးရဲ့ကိုယ်​စား တရားလိုလုပ်​ပြီး ဥပ​ဒေနဲ့အညီ အ​ရေးယူ​ ဆောင်​ရွက်​နိုင်​ဖို့ အမှုဖွင့်ခဲ့တာ" လို့ ပြောပါတယ်။ ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ သားကြီး (ခ) ​နေမင်းကို ငဖဲမြို့မရဲစခန်းမှာ ဆဲဆိုခြိမ်း​ခြောက်​မှု ရာဇသတ်​ကြီးပုဒ်မ ၂၉၄/၅၀၆ နဲ့ အမှုဖွင့် အ​ရေးယူ​ဆောင်​ရွက်​ထားတယ်​လို့ ငဖဲမြို့မရဲစခန်းက သိရပါတယ်​။ သတင်း-မင်းထီး
3 years Ago
Up