ငဖဲမြို့နယ်တွင်း ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်ဆီး

December 11, 2017

ငဖဲမြို့နယ်တွင်း ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်ဆီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဒေသမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နတ်ရေကန်ဒေသဝန်းကျင်မှာ ငဖဲမြို့နယ်အခြေစိုက် အမတ ၃၇၅ မှ တပ်မတော်သားတွေနဲ့  ရဲတပ်ဖွဲဝင်တွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဘိန်းစိုက် အပင်အမြင့် ၂ လက်မခွဲမှ အမြင့် ၁ ပေခွဲရှိ ဘိန်းပင်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးက ဒီဗွီဘီကို ပြောပါတယ်။ ခုလို ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးရတာဟာ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ တမျိုးသားလုံး လူညွန့်တုံးစေတဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်တဲ့အနေနဲ့ ဖျက်ဆီးရတာဖြစ်ပြီး ကုန်ကြမ်းဖြစ်တဲ့ အပင်တွေကို ဦးစွာဖျက်ဆီးမှ ကုန်ချောဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ မထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ရဲအုပ်ကျော်မျိုးက ပြောပါတယ်။ ဒီဇင်ဘာ ၅၊ ၆၊ ၇ ရက်နေ့မှာ စုစုပေါင်း ဘိန်းစိုက်ခင်း ၅၃ ဧက ဖျက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သတင်း-မင်းထီး
4 years Ago
Up