ငန်းရိုင်းများ အစုပြုံလိုက် သေဆုံးမှု၊ သတင်းပေးသူ ယွမ်ငွေ ၁ သိန်းပေးမည် (ရုပ်သံ)

October 30, 2016

ငန်းရိုင်းများ အစုပြုံလိုက် သေဆုံးမှု၊ သတင်းပေးသူ ယွမ်ငွေ ၁ သိန်းပေးမည် (ရုပ်သံ)

တရုတ် နိုင်ငံအတွင်းပိုင်းက မွန်ဂိုးလီယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသထဲမှာ ငန်းရိုင်းတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့  အကြောင်းကိုရဲအဖွဲ့က စုံစမ်းနေပါတယ်။ ကျန်ဂန် ဘန်နာ ရေကန်ထဲမှာ ငန်းရိုင်း ၂၃၃ ကောင် အဆိပ်သင့်တဲ့ ပုံစံမျိုးနဲ့ သေဆုံးသွားတဲ့အတွက် တရားခံကို သတင်းပေးတဲ့ သူကို ယွမ်ငွေ တသိန်းပေးမယ်လို့ ရဲအဖွဲ့က ကြေညာထားပါတယ်။ ဒေသခံ ပြည်သူ့ လုံခြုံရေးဌာနက စစ်ဆေးကြည့်တဲ့အခါမှာ အဆိပ်သင့်တဲ့ ပိုးသတ်ဆေးတမျိုးကို တွေ့ရှိရတယ်လို့ ဌာနက ဒုတိယ အကြိးအကဲက ပြောပါတယ်။ ရေကန်ထဲမှာ ငန်းရိုင်းတွေသာမက ရေဘဲ ၂၆ ကောင်လည်း အဆိပ်သင့် သေဆုံးသွားပါတယ်။ အခုတော့ ရဲအဖွဲ့က ရေကန်ဆီလာတဲ့ ငှက်တွေ အဆိပ်သင့်မှာ စိုးလို့  ဗျောက်အိုးတွေ ဖောက်ပြီး ငှက်တွေ ထပ်မလာအောင် မောင်းထုတ်နေရပါတယ်။ ရေကန်ကြီးဟာ ဘေဂျင်ကနေ မိုင် ၂၀၀ အကွာမှာ ရှိပြီး ငန်းရိုင်းတွေ အဓိက ကျက်စားရာ နေရာ ဖြစ်ပါတယ်။
5 years Ago
Up