ဂရုမစိုက်

December 16, 2017

ဒုံးကျည်စမ်းသပ်မှု ရပ်တန့်ရန် အမေရိကန်တောင်းဆိုချက် မြောက်ကိုရီယား ဂရုမစိုက်

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံကျည်စမ်းသပ်မှုတွေကို ရပ်တန့်ဖို့ အမေရိကန်က တိုက်တွန်းတောင်းဆိုချက်ကို ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က မသိကျိုးကျွံပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က လုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲမှာ “အမေရိကန်နဲ့ မြောက်ကိုရီးယား တွေ့ဆုံမဆွေးနွေးမီ၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်တဲ့ အပြုအမူတွေကို အစဉ်ရပ်ဆိုင်းဖို့လိုပါတယ်”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောကြားခဲ့တာပါ။ အဲဒီနောက် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ဂျာဆောင်နမ်က မိန့်ခွန်းပြောကြားရာမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကားနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောကြားတာမျိုးမရှိခဲ့ပါဘူး။ နျူကလီးယားအင်အားပိုင်နိုင်ငံဆိုတဲ့ သမိုင်းနဲ့ချီတဲ့ ရပ်တည်ချက်ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တဲ့ ကျနော်တို့ မြောက်ကိုရီးယားနိုင်ငံရဲ့ အလွန်မြင့်မားတဲ့ အင်အားကြောင့် ကြောက်လန့်နေပါပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကပြောကြားသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up