တောင်ကိုရီးယားနိုင်ငံကို ရောက်လာတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်ဟာ ဇူလိုင် ၂၄ ရက်နေ့က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဂျောင်ယန်ဒူနဲ့ တွေ့ဆုံခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ မြောက်ကိုရီးယားနဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ အေးခဲနေပြီး ဒေသတွင်း လေပိုင်နက်အငြင်းပွားမှု ပြဿနာတွေလည်း ဖြစ်နေပါတယ်။
အင်္ဂါနေ့က တောာင်ကိုရီးယား လေကြောင်းကာကွယ်ေရး ပိုင်နက်ထဲကို ရုရှား စစ်လေယာဉ်တွေနဲ့ တရုတ်စစ်လေယာဉ်တွေ ကျူးကျော်ဝင်လာခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားရဲ့ လေကြောင်းကာကွယ်ရေးဇုန် နေရာဟာ တောင်ကိုရီးယား လေပိုင်နက် မဟုတ်ဘဲ နိုင်ငံတကာပိုင်နက်သာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားအစိုးရကလည်း သူတို့စစ်လေယာဉ်တွေအနေနဲ့ တောင်ကိုရီးယား လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တာ မရှိဘူး၊ နိုင်ငံတကာ လေပိုင်နက်ထဲမှာ တရုတ်နဲ့အတူ စစ်ရေးလေ့ကျင့်နေတာလို့ ငြင်းဆိုခဲ့တဲ့အကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။
ဂျွန်ဘော်လ်တန်ဟာ တောင်ကိုရီးယားခရီးစဉ် အတွင်းမှာ တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြီးအကဲ ချောင်အီယွန်၊ နိုင်ငံခြားရေးဝန်ကြီး ကန်ကယောင်ဝှါတို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
2 years Ago