ဂျွန်တယ်ရီကို

May 19, 2017

ဂျွန်တယ်ရီကို ခေါ်ယူရန် ဆွေးနွေးနေဟု ဆွမ်ဆီးနည်းပြပြော

ချဲလ်ဆီးအသင်းကနေ ထွက်ခွာမယ့် ဂျွန်တယ်ရီကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ ဆွမ်ဆီးနည်းပြ ပေါလ်စလီမန့်က ၀န်ခံပြောကြားလိုက်ပါတယ်။ အသက် ၃၆ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း တယ်ရီဟာ ဒီနှစ်ရာသီအကုန်မှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ကစားသမားဘ၀ကနေ အနားယူနိုင်တယ်လို့လည်း ပြောကြားထားတာပါ။ ဆွမ်ဆီးနည်းပြ ပေါစလီမန့်ကတော့ တယ်ရီကိုခေါ်ယူဖို့ ဆွေးနွေးနေပြီး သူ့အနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့ မသိသေးဘူးလို့ ဆိုပါတယ်။ တယ်ရီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်နေပေမယ့် လက်ရှိအချိန်မှာ ကောလာဟလသာ ဖြစ်တယ်လို့လည်း ဆွမ်ဆီးနည်းပြက ဆိုပါ တယ်။ ချဲလ်ဆီးအသင်းခေါင်းဆောင် တယ်ရီကို ဘုန်းမောက်နဲ့ ၀က်စ်ဘရွန်းအသင်းတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။ ဆွမ်ဆီးအသင်းဟာ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းတဦးဖြစ်တဲ့ မက်ခီလီလီကိုလည်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်။
4 years Ago

March 11, 2017

ဂျွန်တယ်ရီကို စတုတ်နှင့်ဝက်စ်ဘရွန်းအသင်းတို့ ကမ်းလှမ်း

ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသင်းခေါင်းဆောင်ဂျွန်တယ်ရီကို စတုတ်စီးတီး နဲ့ ၀က်စ်ဘရွန်းအသင်းက ခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်ရှိ ဂျွန်တယ်ရီဟာ ချဲလ်ဆီးအသင်းမှာ ပွဲထွက်ခွင့်မရဖြစ်နေပြီး ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့တုန်းက တယ်ရီကို ခေါ်ယူဖို့အတွက် စတုတ်စီးတီးနဲ့ ၀က်စ်ဘရွန်းအသင်းတွေက ကမ်းလှမ်းခဲ့ပြီး တယ်ရီက ပယ်ချခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလာခြင်းမရှိတာကြောင့်  လာမယ့်ရာသီမှာ စတုတ်စီးတီးသို့မဟုတ် ၀က်ဘရွန်းအသင်းတွေမှာ ကစားဖို့ ဂျွန်တယ်ရီက စဉ်းစားနေတယ်လို့ သိရပါတယ်။ တယ်ရီဟာ လူငယ်ကစားသမားဘ၀ကို ၀က်စ်ဟမ်းအသင်းမှာစတင်ခဲ့ပြီး ၁၉၉၅ ခုနှစ်ကနေ လက်ရှိအချိန်ထိ ချဲလ်ဆီးအသင်းမှာ ၂၂ နှစ်ကြာကစားထားသူဖြစ်ပါတယ်။ ချဲလ်ဆီးနောက်ခံလူ တယ်ရီအနေနဲ့ ဒီနှစ်ရာသီမှာ ချဲလ်ဆီးအသင်းအတွက်  ပရီးမီးယားလိဂ် ၅ ပွဲအပါအ၀င် စုစုပေါင်း ၁၀ ပွဲပဲ  ကစားခွင့်ရရှိခဲ့ပါ တယ်။
4 years Ago
Up