ဂျွန်တယ်ရီ

May 25, 2019

ဂျွန်တယ်ရီက လမ်းပတ်ထက်စောပြီး ချဲလ်ဆီး နည်းပြဖြစ်မည်ဟု ဒန်းနစ်ဝိုက်စ် သုံးသပ်

ဂျွန်တယ်ရီဟာ ဖရန့်ခ်လမ်းပတ်ထက်စောပြီး အနာဂတ်မှာ ချဲလ်ဆီးနည်းပြ ဖြစ်လာလိမ့်မယ်လို့ အသင်းရဲ့ ကစားသမားဟောင်းကြီး ဒန်းနစ်ဝိုက်စ်က သုံးသပ်လိုက်ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ဂန္တဝင်ကစားသမားတွေလို့ပြောရမယ့် တယ်ရီနဲ့ လမ်းပတ်ဟာ လက်ရှိ နည်းပြရာထူးကိုယ်စီရှိနေသူတွေဖြစ်ပါတယ်။ တယ်ရီကတော့ အက်စ်တွန်ဗီလာအသင်းမှာ လက်ထောက်နည်းပြလုပ်ကိုင်နေပေမယ့် ဖရန့်ခ်လမ်းပတ်ကတော့ ဒါဘီကောင်တီအသင်းရဲ့နည်းပြအဖြစ် လုပ်ကိုင်နေပါတယ်။ သူတို့နှစ်ဦးဟာ တိုက်ဆိုင်စွာပဲ လာမယ့်နှစ် ပရီးမီးယားလိဂ်ကို တန်းတက်ရေး Playoff ဖိုင်နယ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။ ဒန်းနစ်ဝိုက်စ်ရဲ့ သုံးသပ်ချက်အရ တယ်ရီဟာ ဗီလာအသင်းရဲ့ နည်းပြဒင်းန်စမစ် လက်အောက်မှာ လုပ်ကိုင်နေတဲ့အတွက် အတွေ့အကြုံကောင်းတွေ၊ သင်ခန်းစာကောင်းတွေ လေ့လာသင်ယူခွင့်ရနေပြီးတော့ ဖရန့်ခ်လမ်းပတ်ထက် အရင်ချဲလ်ဆီးနည်းပြဖြစ်လာဖို့ရှိတယ်လို့ ဟောကိန်းထုတ်လိုက်တာပါ။
3 years Ago

October 8, 2018

ဂျွန်တယ်ရီ ဘောလုံးသမားဘ၀မှ အနားယူ

အင်္ဂလန်နဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီဟာ ဘောလုံး ကစားခြင်းကနေ အနားယူသွားပါတယ်။ အသက် ၃၇ နှစ်အရွယ် တယ်ရီဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာနဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတာပါ။ တယ်ရီကတော့ ဘောလုံးသမားဘ၀ကို ၂၃ နှစ်တာ ဖြတ်သန်းခဲ့ပြီး အနားယူဖို့ အချိန်ရောက်တဲ့အတွက် အနားယူဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုထားပါတယ်။ ဂျွန်တယ်ရီဟာ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၇၈ ပွဲ ကစားပေးထားပါတယ်။ သူဟာ ချဲလ်ဆီးမှာ နှစ်ပေါင်း ၂၀ လောက် ကစားခဲ့ပြီး ၂၀၁၇ မှာ အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ တယ်ရီဟာ ချဲလ်ဆီးမှာတုန်းက ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ် ရယူထားပါတယ်။
3 years Ago
More News
Up