မန်စီးတီးအသင်းဟာ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်ကို လာမယ့်နွေရာသီမှာ ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။
အသက် ၂၃ နှစ်ရှိ ဂျွန်စတုန်းစ်ကို အဲဗာတန်အသင်းကနေ အဲဒီအချိန်က ကမ္ဘာ့ ဒုတိယဈေးအကြီးဆုံး နောက်တန်းကစားသမားအဖြစ် ပေါင် ၄၇ ဒသမ ၅ သန်းနဲ့ မန်စီးတီးက ဝယ်ထားတာပါ။
လက်ရှိအချိန်မှာ စတုန်းစ်ရဲ့ တိုးတက်မှုဟာ နှေးကွေးနေတာကြောင့် နည်းပြ ဂွါဒီယိုလာက စိတ်ပျက်နေပြီး ကွန်ပနီ၊ အော်တာမန်ဒီနဲ့ လာပေါ်တေးတို့လည်း ရှိနေတာကြောင့် ရောင်းထုတ်ဖို့ ပြင်ဆင်နေတာပါ။
ဂျွန်စတုန်းစ်ကို လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
5 years Ago