ဂွာဒီယိုလာ

September 25, 2021

ထိပ်တန်းတိုက်စစ်မှူးခေါ်ယူရန် လိုအပ်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာဝန်ခံ

မန်စီးတီးအသင်းအနေနဲ့ လက်ရှိလူစာရင်းအပေါ် ကျေနပ်ပေမဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့လိုအပ်ကြောင်း နည်းပြဂွာဒီယိုလာကပြောပါတယ်။

ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဂွာဒီယိုလာက မှတ်ချက်ပေးခဲ့တာဖြစ်ပြီး လူကာကူလို တိုက်စစ်မှူးလို အပ်တယ်လို့ ပြောခဲ့တာပါ။

“ဒီအချိန်မှာ လက်ရှိလူစာရင်းအပေါ် စောဒကတက်မလား၊ ကစားသမားကောင်းတွေရှိတယ်လို့ ပြောမလား နှစ်ချက်ရှိပါတယ်။ အသင်းက ကစားသမားတွေရဲ့ ကြိုးစားလုပ်ဆောင်မှုတွေက ကျနော့်အတွက်လုံလောက်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ စပါးနဲ့ တခြားအသင်းတွေမှာရှိတဲ့ လက်နက်မျိုးတော့ မရှိပါဘူး။ တစ်ရာသီ ၂၅ ဂိုးသွင်းနိုင်တဲ့ကစား သမားတစ်ယောက်မရှိပါဘူး။ ဒါကြောင့် အသင်းလိုက်မှာ ခြေစွမ်းကာင်းတဲ့အသင်းအဖြစ် လုပ်ဆောင်သွားရမှာပါ” လို့ နည်းပြ ဂွာဒီယိုလာကပြောခဲ့တာဖြစ်ပါတယ်။

ဩမန်စီးတီးအသင်းဟာ မနှစ်က ချန်ပီယံ ဖြစ်ချိန်မှာ တိုက်စစ်မှူး အဂွဲရိုးကို ပွဲအနည်းငယ်သာအသုံးပြုခဲ့တာပါ။

အခုနှစ်ရာသီမှာလည်း တစ်ဦးတည်းသော အထောင်တိုက်စစ်မှူး ဂါဘရီယယ်ဂျေးဆူကို ညာတောင်ပံမှာအသုံးပြုနေပြီး ၁ ဂိုးသွင်း ၃ ကြိမ် ဖန်တီးမှုပြုလုပ်ထားပါတယ်။ 

1 month Ago
Up