ဂွမ်ဒူဇီနှင့်လာကာဇက်

September 6, 2020

သောမက်စ်ပါတေးအတွက် အာဆင်နယ်က ဂွမ်ဒူဇီနှင့်လာကာဇက်ကို အလိုက်ပေးကမ်းလှမ်း

အာဆင်နယ်အသင်းဟာ အက်သလက်တီကိုက သောမက်စ်ပါတေးကိုခေါ်ယူဖို့ လာကာဇက်နဲ့ ဂွမ်ဒူဇီတို့ကို အလိုက်ပေးမယ်လို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။  အာဆင်နည်းနည်းပြ အာတီတာဟာ မနှစ်က အဆင့် ၈ နဲ့သာ ရာသီသိမ်းခဲ့တာကြောင့် လူ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး ကွင်းလယ်ခံစစ်ပိုင်းအတွက် သောမက်စ်ပါတေးကို ပစ်မှတ်ထားခေါ် ယူဖို့ လုပ်ဆောင်နေတာပါ။  ပြီးခဲ့တဲ့ဇူလိုင်လကတည်းက ကွင်းလယ်လူ ဂွမ်ဒူဇီကို အလိုက်ပေး  ကမ်းလှမ်းခဲ့သလို တိုက်စစ်မှူး လာကာဇက်ကိုလည်း အလိုက်ပေးမယ်လို့ ဆွေးနွေးခဲ့ကြောင်း ဂျာနယ်လစ် ရိုမန်နိုက ပြောခဲ့တာပါ။  လက်ရှိအချိန်မှာ အက်သလက်တီကိုအသင်းက တိုက်စစ်မှူး လာကာဇက်ကိုခေါ်ယူဖို့ ဆန္ဒ မရှိတော့ဘဲ လာမယ့်ရက်ပိုင်းအတွင်းမှာ ဆက်ပြီး စောင့်ကြည့်ရမယ်လို့ ဂျာနယ်လစ် ရိုမန်နိုက ဆက်ပြောပါတယ်။  အသက် ၂၇ နှစ်ရှိ ဂါနာကွင်းလယ်လူ ပါတေးကို စာချုပ်ပါလျော်ကြေးပေါင် ၄၄ သန်း ပေးချေ မယ်ဆိုရင် ခေါ်ယူနိုင်မှာဖြစ်ပေမယ့် အာဆင်နယ်အသင်းက ကစားသမားအလိုက်ပေးကမ်းလှမ်းဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ 
1 year Ago
Up