ဂွာတီမာလာတွင် ပြင်းအား ၆ ဒသမ ၉ ရှိ မြေငလျင်လှုပ်၊ လူ ၂ ဦး သေဆုံး

June 15, 2017

ဂွာတီမာလာတွင် ပြင်းအား ၆ ဒသမ ၉ ရှိ မြေငလျင်လှုပ်၊ လူ ၂ ဦး သေဆုံး

ဂွာတီမာလာနိုင်ငံ အနောက်တောင်ပိုင်း ကက်ဇယ်လ်တင်နန်းဂိုးမြို့ (QUETZALTENANGO) မှာ ဇွန်လ ၁၄ ရက်နေ့က ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျုရှိ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် အဆောက်အဦတချို့ ပျက်စီးပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်ကုန်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဒေသဟာ အိမ်နီးချင်း မက္ကဆီကိုနဲ့ နယ်စပ်ဖြစ်တာမို့ မက္ကဆီကိုအပိုင် ချီယာပါစ်ပြည်နယ်မှာလည်း အဆောက်အဦတချို့ ပျက်စီးခဲ့ပေမယ့် လူသေဆုံးထိခိုက်မှုတော့ မရှိပါဘူး။ အဲ့ဒီမြေငလျင်ဟာ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ ဆန်မာကိုးမြို့ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ မြေအောက်အနက် ကီလိုမီတာ ၁၀၀ ကျော်ကနေ ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up